Chapter 21_U

25.3K 2K 116
                                    

"သားကို အနွေးထည်များများထည့်ပေးလိုက်နော် ဟန်လေး"

"ဟုတ် ထည့်ပေးထားတယ်"

"အိမ်ပိုင်ဆိုင်မှုစာချုပ်လည်း မေ့နေဦးမယ်"

"အခုပဲ ထည့်ထားတယ် အကို"

"နောင်သိုက် လမ်းမှာ သမားတော်ကြီးရဲ့ စကားကို နားထောင်နော် ... ဟိုရောက်လို့ မြို့စားမင်းကြီးနဲ့ တခြားအရာရှိတွေကို တွေ့ရင် ရိုရိုသေသေနဲ့ဆက်ဆံနော် .... အရိုအသေပေး ဂါရဝပြုဖို့လည်း မမေ့နဲ့"

"ဟုတ်ကဲ့ ဖေကြီး"

"သားကို ဖေဖေ ကြေးဒင်္ဂါးပြား ၅၀၀ ထည့်ပေးလိုက်မယ် ... လမ်းမှာ သားစားချင်တာရှိရင် ဝယ်စားနော် ... သားလိုချင်တာတွေ့ရင်လဲ ဝယ်"

ဟန်လေးက ပိတ်စဖြင့်ထုပ်ထားသော ကြေးဒင်္ဂါးပြားအထုပ် ကို နောင်သိုက်လက်ထဲသို့ထည့်ပေးလိုက်သည်။

နောင်သိုက် က ကြေးဒင်္ဂါးပြား ၅၀၀ ဆိုသည့်စကားကြောင့် မျက်လုံးဝိုင်းဝိုင်းလေးက အံ့ဩမှုကြောင့် ပြူးကျယ်သွားပြီး ခေါင်းခါကာ ဟန်လေးလက်ထဲသို့ ကြေးဒင်္ဂါးပြားအထုပ်ကိုပြန်ထည့်ပေးသည်။

"အများကြီးပဲ ဖေဖေ သားမယူချင်ဘူး"

"သားကြီး ယူသွား ... လမ်းခရီးက ကြာမှာလား မကြာဘူးလား မသိနိုင်ဘူး ... သားလိုချင်တာရှိရင် စားချင်တာရှိရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်လို့ရတာပေါ့ သားရဲ့"

စောမောင်ကပါ ဝင်ပြောလာတာကြောင့် နောင်သိုက်မှာ ပိုက်ဆံထုပ်ကို ယူလိုက်ရတော့သည်။

မနက်ဖြန်မနက်စောစော သမားတော်ကြီးက လာခေါ်မှာဆိုတော့ ဒီညစောစောအိပ်ကြရအောင် "

"အာ့ဆို ဒီညစာမသင်တော့ဘူးပေါ့"

နောင်ခက မေးတော့ ဟန်လေးက သူ့သားအငယ်လေး၏ ခေါင်းကို ပုတ်လိုက်ကာ

"ဒီညစာမသင်တော့ဘူး ကိုကိုက မနက်စောစောထရမယ်လေ"

"အာ့ဆို နွားနို့သောက်ပြီး စောစောအိပ်မယ်"

"ဟုတ်ပါပြီဗျာ"

ခြောက်လအတွင်း အပြောင်းလဲဆုံးကတော့ အိမ်က အငယ်ဆုံးလေး နောင်ခပါပဲ။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now