Chapter 11_U

28.2K 1.7K 114
                                    

နေ့လည်ပိုင်း ဟန်လေးနိုးလာတော့ စောမောင်က အခန်းထဲတွင်မရှိ။

ဟန်လေးတစ်ယောက် တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို ခံစားနေရပြီး လက်ကလေးတောင်မလှုပ်ချင်။

လူကတော့ ညတုန်းကလို စေးကပ်ကပ်ဖြစ်မနေပဲ အဆင်ပြေနေတာကြောင့် အကိုက သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားပါ ဝတ်ပေးထားသည် ကို သိလိုက်ရသည်။

ဟန်လေး ကိုစောမောင် ကို လှမ်းခေါ်ကြည့်ရန်ကြံတော့ အသံကမထွက်။

တစ်ကိုယ်လုံးနာနေသည့်အပြင် အသံပါမထွက်တော့တာမို့ စိတ်အဆင်မပြေဖြစ်ကာ ငိုချင်လာသည်။

' အကိုကလည်း ဘယ်သွားနေလဲမသိဘူး'

နာကျင်နေသည့်ကြားမှ အားယူကာ မတ်တပ်ထရပ်လိုက်တော့ ခြေထောက်များက တုန်ရီနေတာကြောင့် အိပ်ယာထဲတွင် ငြိမ်ငြိမ်လေးသာ ပြန်လှဲနေရတော့သည်။

' လူကိုတစ်စက်မှ ညှာတာမှုမရှိဘူး ခွင့်ပြုပေးလိုက်တာနဲ့ နွားသိုးကြိုးပြတ်လုပ်တော့တာပဲ ... အခုလည်း လူကိုပစ်ထားပြီး ဘယ်သွားနေပြန်ပြီလဲ မသိဘူး '

ဟန်လေး စိတ်ထဲ ထိုသို့တွေးနေစဉ်ပင် စောမောင်က အိမ်ပေါ်သို့ ဆန်ပြုတ်ပန်းကန်နှင့် ရေနွေးနွေးလေးထည့်ထားသည့် သောက်ရေခွက်တို့ကို ယူကာ အခန်းထဲသို့ဝင်လာသည်။

" နိုးနေပြီလား ကိုယ်အောက်မှာဆန်ပြုတ်သွားယူနေလို့"

စောမောင်က ဆန်ပြုတ်ပန်းကန်နှင့် သောက်ရေခွက်ကို ‌အိပ်ယာဘေးတွင်ချလိုက်ကာ သူကတော့ ဟန်လေး၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဟန်လေး၏ နဖူးပြင်အား လက်ဖြင့် စမ်းလိုက်သည်။

" ကိုယ်နည်းနည်းနွေးချင်နေတယ် ... ‌အရင်ဆုံးရေနွေးနွေးလေးသောက်ပြီး ဆန်ပြုတ်စားလိုက်နော် ... ဟန်လေးက အိပ်ယာထဲမှာပဲ နားနားနေနေ နေလိုက် ထမင်းဟင်းတွေ ကိုယ်ချက်ပြီးသွားပြီ"

စောမောင်က ပြောရင်းနှင့်ပင် ဟန်လေးအား ရေနွေးတိုက်လိုက်သည်။

ခြောက်သွေ့နေသည့် လည်ချောင်းက ရေနွေးနွေးလေးသောက်ပြီးမှပဲ အနည်းငယ်အဆင်ပြေသွားပြီး ဟန်လေးတစ်ယောက် အသံထွက်လာနိုင်သည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now