Part - 1

4.6K 48 0
                                    

💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ 💞

***[ အပိုင်း- ၁ ]***

""အဘွား""

"".........""

""အဘွား.....ရေနွေးလေးရပါပြီရှင့်""

""………""

""အဘွား""

သူနာပြုမလေး ရနံ့သစ်ရေနွေးဘူးကိုကိုင်ကာ
VIPအခန်းလူနာဖြစ်တဲ့အဘွားဒေါ်မိုးမခနာမည်ကို
ချိုချိုသာသာနှင့်ခေါ်ရင်းအခန်းထဲသို့ခေါင်း​
ဘယ်ညာယိမ်းကာရှာနေသော်လည်း
မတွေ့တာကြောင့် ရနံ့ ခေါင်းကုတ်မိတော့သည်။

အဘွားခကမေတ္တာဆေးရုံအုပ်၏ မိတ်ဆွေ၊
ပြီးတော့ ဦးမင်းညထင်က သူ့အဘွားကို
သေချာဂရုစိုက်ဖို့ရနံ့ကိုအထူးnurseအဖြစ်
ငှားထားတာ မျက်စိအောက်ကအပျောက်မခံဖို့
သေသေချာချာမှာသွားသည့်ကြားက
ပျောက်သွားတော့ သူမဘယ်လိုလုပ်ရတော့မှာလဲ။
အခန်းထဲကပြာပြာသလဲပြေးထွက်လာခဲ့ကာ
ကောင်တာသူနာပြုမလေး ဆောင်းကို

""ဆောင်း.....အဘွားခကိုတွေ့မိသေးလား""

""ဟင့်အင်း""

""နင်တာဝန်ချိန်အခုမှစတာလား""

""အေးလေ""

မေးခွန်းတွေတသီကြီးမေးနေသော ရနံ့ကိုဆောင်း
နားမလည်နိုင်စွာကြည့်လိုက်ပြီး

""ရနံ့ ဘာဖြစ်လို့လဲ နင့်ကြည့်ရတာအရမ်း
ထိတ်လန့်နေသလိုပဲ""

""အဘွားခ ပျောက်သွားလို့""

""ဘယ်လို""

ရနံ့သစ် ဆီကစကားသံကိုကြားရတော့ဆောင်း
အသံက ထိတ်လန့်စွာပေါ်ထွက်လာပြီးစိုးရွှံ ့
ပူပန်နေတဲ့မျက်နှာပြောင်းလဲသွားတော့သည်။

""ဘယ်လိုဖြစ်တာလဲ ရနံ့ရယ် နင်ကအဘွားခရဲ့
အထူးnurseလေ ပြီးတော့ဒီနေ့ကျမှဦးမင်းညထင်က
လာမစောင့်ဘူးသူလာမ​စောင့်တဲ့နေ့ကျမှအဘွားခ
ပျောက်သွားတော့ပိုဆိုးပြီပေါ့ဦးမင်းညထင်က
ဘယ်လောက်ဒေါသကြီးလဲနင်သိရဲ့သားနဲ့ဟာ""

""အဘွားခကရေနွေးလေးသောက်ချင်တယ်ဆိုလို့
သွားယူပေးနေလိုက်တာပြန်လာတော့မရှိတော့ဘူး
ငါတော့သေသာသေလိုက်ချင်တော့တာပဲ""

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now