Part - 37

687 14 0
                                    

💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

                     💐အပိုင်း - ၃၇💐

''''ရွှတ်''''

''''ဟာ....ဦး''''

မထင်မှတ်စွာ အနမ်းခံလိုက်ရတာကြောင့်
ဘုံ တအံ့တသြရေရွက်ရင်း ဦးကို
ကြည့်လိုက်တဲ့အခါ သူမကို ပြုံးပြုံးကြီး
ကြည့်နေလေသည်။ကားပေါ်မှာတခြားသူလည်း
ရှိနေတာကို.....မကျေနပ်စွာဖြင့် နှုတ်ခမ်းကို
စူထားရင်း ဘေးဘက်သို့လှည့်နေလိုက်တယ်

''''စောနကနာသွားရတဲ့ပါးလေးအတွက်
လျော်ကြေးပြန်ပေးတာ''''

ဘုံ....စကားမပြောပဲနေဖို့ပြင်ထားသော်လည်း
ဦးရဲ့စကားကြောင့် လက်ကလေးပိုက်၍
ရှက်စိတ်တွေရော...စိတ်တိုတာတွေရော
အကုန်ရောထွေး၍ပြန်ရန်တွေ့လိုက်သည်။

''''ဘုံ တောင်းမိလို့လား....ဟွန့်''''

''''မတောင်းပဲနဲ့ရတာကိုမလိုချင်ဘူးလား''''

ထင်ကို မျက်နှာကြီးစူပုတ်ပြီးတစ်ခွန်းမကျန်
ပြန်ချေပနေတဲ့ချာတိတ်ကို ကြည့်၍
သူ ကျေနပ်စွာပြုံးမိပါတော့သည်။
စိတ်ကောက်နေတာလေးကအစ
ချစ်ဖို့ကောင်းနေတာကိုး...

''''မလိုချင်ပါဘူး''''

''''မလိုချင်လည်း....ကိုယ်ကရက်ရက်ရောရောကို
ပေးမှာ''''

''''ဦးနော်''''

ဒီလိုနဲ့စနောက်ရင်းကားလေးဟာစံအိမ်ကို
ရောက်လာခဲ့သည်။အိမ်ကြီးထဲတွင်မိသားစုတွေ
အကုန်စုံညီနေကာသူတို့ကိုစောင့်နေဟန်ရှိပြီး
ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။

''''သားတို့ကိုပြောစရာရှိတယ်''''

သမီးလေးတို့ရောက်လာသည့်နှင့် ဦးထူးမြတ်
စကားစလိုက်သည်။

''''ဟုတ်ကဲ့...ပြောပါဦးလေး'''''

''''သမီးလေးကိုသေချာစောင့်ရှောက်ပေးပါကွယ်
အန်ကယ်တို့တောင်းဆိုတာပါ သမီးလေးဘဝကို
အေးအေးချမ်းချမ်းလေးဖြတ်သန်းစေချင်တယ်''''

''''ချာတိတ်က ကျွန်တော့်ဘဝရဲ့အချစ်ဦးနှင့်
အချစ်ဆုံးပါ သူမကိုသေချာဂရုစိုက်ပြီး
ပျော်ရွှင်အောင်ထားပါမယ်လို့ကတိပေးပါတယ်''''

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now