💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🥀အပိုင်း- ၃၃🥀
[ အတိတ်မှအကြောင်းအရာတစ်ချို့]
ဖြောင့်ဖြူးလှသော လမ်းမကြီးထက်ကားတွေက
အရှိန်အဟုန်မြန်လှစွာမောင်းနှင်နေကြသည်။
ထိုကားတွေထဲတွင် အနီရောင်ဆိုင်ကယ်တစီး
ကလည်း ရှိနေလေရဲ့.....ဆိုင်ကယ်ေပါ်တွင်
အချိုးအဆစ်ပြေပြစ်ကာအနက်ရောင်
ကိုယ်ကျပ်အကျီကိုဝတ်ထားသော
မိန်းကလေးတစ်ယောက်လှပလွန်းသည့်ရုပ်ရည်.....အချိုးအစားကျသည့်
ခန္ဓာကိုယ်ကမြင်သူငေးမောရလောက်သည်။
အရှိန်ပြင်းစွာမောင်းနှင်လာသည့် ဆိုက်ကယ်က
အဆောက်အဦးတစ်ခုရှေ့တွင်ရပ်လိုက်တော့''''ကျွီ....''''
''''အား!!!''''
ဆိုင်ကယ်နှင့်တိုက်မိသွားသောယောက်ျားလေး
တစ်ယောက်၏အသံ.....၁၈နှစ်အရွယ်
ကောင်လေးဟာမိန်းကလေးကိုကြည့်ပြီး
မျက်နှာချောချောဟာဒေါသထွက်လို့
အလွန် နီမြန်းနေသည်။''''ခင်ဗျား....ဘယ်လိုလုပ်လိုက်တာလဲ
လူတစ်ယောက်လုံးလာနေတာမမြင်ဘူးလား''''''''ဒီမှာ ကောင်လေး မင်းအကွက်တွေကရိုးနေပြီ
ထားပါတော့....ထိခိုက်မှုအတွက်ေငွဘယ်လောက်
လိုချင်တာလဲ ပြော''''''''ဘာဗျ!!...ခင်ဗျားမှာငွေရှိတယ်ဆိုတာ
လူတကာသိအောင်ပြောပြမနေနဲ့
ကျွန်တော် ငွေမလိုချင်ဘူး ခင်ဗျား
တောင်းပန်တာပဲလိုချင်တယ်''''မှားတာကိုမတောင်းပန်သည့်အပြင်ငွေစကား
ပြောလာသော သူမကိုကြည့်၍ လရိပ်
ဒေါသထွက်စွာဖြင့်ပြောလိုက်သည်။လဲကျနေပေမယ့်လည်းအခုထိလေသံကမလျှော့တဲ့
ကောင်လေးကိုကြည့်ရင်း ဧကရီသျှင်၏မျက်နှာ
အပြုံးပန်းတစ်ပွင့်ရောက်လာသည်။
ဆိုင်ကယ်ကိုမှီရင်းဖြင့်''''မင်းမှားတာမဟုတ်ဘူးလား ကောင်လေး
အဲ့တော့တို့ကိုတောင်းပန်သင့်တယ်လေ
မဟုတ်ဘူးလား''''''''ခင်ဗျား!!!''''
သူမကိုလက်ညှိုးထိုးရင်း လရိပ် ဒေါသစိတ်တွေ
ပိုမိုမြင့်တက်လာခဲ့ပြီးခြေထောက်ကနာနေတာကို
လျစ်လျူရှု၍ ထဖို့ကြိုးစားလိုက်သည်။
ဒါပေမယ့် သူပြန်လဲကျသွားပြီး