💞ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🌺🦋 အပိုင်း - ၂၃ ⭐🌸
''''ဘယ်လို''''
''''ဟုတ်တယ်အဲ့လူကြီးပဲငါ့ကိုရစရာမရှိအောင်
ပြောသွားတာခြေထောက်ဒဏ်ရာရအောင်လည်း
သူပဲလုပ်တာဘုံ သူ့ကိုကလဲ့စားချေပေး
...ဟင့်...ဟင့်''''ထိုလူကြီးအား လက်ညှိုးထိုး၍သူမအား
ကလဲ့စားချေပေးဖို့ ငိုငိုရည်ရည်ဖြင့်
ပြောနေသည့် ချစ်ခြင်း အရမ်း
ငိုထားတာကြောင့် နှာခေါင်းလုံးလုံးလေးက
နီရဲနေသည်.....''''အဟက်...''''
ကလေးဆိုးလေးတစ်ယောက်ပမာ ဘုံ ကို
အတိုင်အတောထူနေသည့် D မြတ်နိုး
ချစ်ရလွန်းသည့်ကလေးအားကြည့်ရင်း
ရယ်မိသွားကာ နီရဲနေသည့်နှာခေါင်းလေးနှင့်
မို့အစ်ဖောင်းကားလှတဲ့ ပါးလေးကို
ဖိနမ်းပစ်လိုက်ချင်သည်။''''ရှင်...ရီပြန်ပြီ....ချစ်ခြင်းကိုလှောင်နေတယ်ပေါ့
ငါ့အစား ဘုံ အဲ့လူကြီးကိုထုရိုက်ပစ်လိုက်စမ်းပါ''''''''မဟုတ်ရပါဘူးကွာ...ကိုယ်ကကလေး
ငိုနေတာကိုချစ်စရာကောင်းလွန်းလို့ကြည့်ပြီး
ရယ်နေမိတာပါလှောင်တာမဟုတ်ရပါဘူး....
စိတ်မဆိုးနဲ့နော်တောင်းပန်တဲ့အနေနဲ့
နောက်ခါကျ မုန့်တွေအများကြီး
ဝယ်ကျွေးမယ် ဟုတ်ပြီလား''''''''လူကြီးစကားနော်...ကတိမတည်လို့ကတော့
ရှင် သေပြီသာမှတ်...ဟွန့်...''''''''တော်လောက်ပြီ ဒေါ်ချစ်ခြင်းသက္ကရာဇ်
အစားဆိုရင် နင်ကပထမပဲ ပြန်ရအောင် နင်အနား
ယူသင့်ပြီ ''''''''အင်း''''
''''ကိုယ်လိုက်ပို့ပေးမယ် ရမလား''''
''''ရတယ်လေ''''
''''အား...''''
ချစ်ခြင်း၏စကားကြောင့် ဘုံ ချစ်ခြင်းခါးကိုအသာ
လိမ်ဆွဲပစ်လိုက်တာပြီး အနားကိုတိုး၍
နှစ်ကိုယ်ကြားလေသံဖြင်''''အားနာစရာ ချစ်ခြင်းရယ်..''''
''''ဘာအားနာရမှာလဲ ငါ့ကိုထိခိုက်အောင်လုပ်ထားတာ
ဒီလောက်တော့ပြန်လုပ်ပေးရမယ်မလား''''