Part - 42

628 12 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

                   💟အပိုင်း - ၄၂💟

''''ချာတိတ်ကို ပြောစရာရှိတယ်''''

''''ပြောလေ ဦး''''

နေ့လည်စာစားပြီး ခြံထဲကသစ်ပင်အောက်အား
ချာတိတ်ကိုခေါ်လာခဲ့ကာပြောပြမှရမည့်
အကြောင်းအရာတစ်ချို့ရှိတာကြောင့်
စကားစလိုက်သည်။

''''ဧကရီသျှင်နှင့် ဘာလို့တွဲခဲ့ရတာလဲဆိုတာ
ချာတိတ်ကို ပြောပြမယ် ကိုယ်အစကတည်းက
ပြောပြဖို့ပါပဲ ဒါမယ့်ကိစ္စတွေကများနေလို့
မပြောပြဖြစ်ခဲ့တာလရိပ်ဆီကချာတိတ်
နည်းနည်းပါးပါးသိရတာလည်းကိုယ်သိတယ်'''

ဦး ဆီကစကားသံကို ဘုံ နားထောင်ရင်း
တစ်ခုမှပြန်မပြောမိ။ဘုံ ကိုလေးနက်သည့်
မျက်ဝန်းတွေဖြင့်ကြည့်ကာ လက်ကို
ဆုပ်ကိုင်ပြီး

''''လရိပ်နှင့်ဧကရီသျှင် ရန်ဖြစ်တဲ့နေ့က
ကိုယ် စင်ကာပူကနေအလုပ်ကိစ္စကြောင့်
ခဏပြန်လာတဲ့နေ့......ဖြစ်ခဲ့တာက....''''

[ လွန်ခဲ့သော ၃နှစ်ခန့်က ]

ထင်....စံအိမ်ကိုရောက်ရောက်ချင်း ညီကို
မတွေ့ရတာကြောင့်သက်ပြင်းရှည်ကြီး
ချရင်း...အဘွားကိုမေးလိုက်သည်။

''''လရိပ်ကရော....အဘွား''''

''''မင်းညီကအခုclubမှာရှိလောက်တယ် ''''

''''ဘယ်လို!!!!....Club...ဟုတ်လား''''

သူ စီးခဲ့တဲ့လေယာဥ်ကညနေ၃နာရီ
အလုပ်ကအရေးကြီးလို့စံအိမ်ကို
ပြန်မလာပဲ ရုံးကိုတန်းသွားလိုက်ရတယ်

အလုပ်ကပြန်ရောက်တော့ ည၉နာရီ
ညတောင် လရိပ်ကအိမ်မှာမရှိဘူးဆိုတော့
ဒေါသထွက်မိတယ်....အကို ကို
လာမကြိုသည့်အပြင် Clubတက်တယ်ဆိုတော့
ဒီကောင်လေး တော်တော်ပျက်စီးနေပြီ ဟု
ထင်.....ခေါင်းတရမ်းရမ်းနှင့် လေပူတွေကို
မှုတ်ထုတ်လိုက်မိသည်။

''''ဟူးး.....''''

အလုပ်ပင်ပန်းလာတဲ့အထဲ မြေးငယ်ကို
မတွေ့ရလို့ချက်ချင်းမျက်နှာပုံစံတစ်မျိုး
ပြောင်းသွားသည့်မြေးကြီးကြောင့်
ဒေါ်မိုးမခ ခေါင်းကိုရမ်းရင်း
ထိုင်ခုံတွင်ထိုင်ခိုင်းလိုက်ရသည်။

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now