Part - 21

785 16 0
                                    

💞ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

                  🦋⭐[ အပိုင်း - ၂၁]💟🐚

''''ချာတိတ်''''

''''ဟင် ဦး...ဦးမင်းညထင်....ရှင် ရှင်
ဘာလာလုပ်တာလဲ''''

မမျှော်လင့်ပဲတွေ့လိုက်ရသည့် ဦး ကိုဘုံ
တအံ့တသြနဲ့မေးလိုက်သည်။ဘုံ ဆီ
ဦးရောက်လာမည်လို့တစ်ခါမှပင် မတွေးဖူးခဲ့ပေ။
ညှို့ငင်အားကောင်းလွန်းတဲ့ဦး မျက်ဝန်းတွေကို
ငေးကြည့်ရင်း ရင်ခုန်သံတွေကမြန်ဆန်လို့
လာခဲ့သလို တည်ကြည်ခန့်ညားလှသည့်
ဦး မျက်နှာလေးအား ဘုံ ကြည့်နေမိသည်။

သူမအား ဖက်ထားတဲ့လက်တွေကိုပင်
ဖယ်ပစ်ဖို့ မေ့လျော့နေမိတယ်

''''ကိုယ့်နှလုံးသားဘုရင်မလေးဆီ လာတာလေ''''
လို့ပြောကာ တဖြည်းဖြည်းနှင့် ဘုံ မျက်နှာနား
တိုးကပ်လာပြီး သူမမျက်နှာအား ဦး က
စိုက်ကြည့်နေသည်။
တစ်စထက်တစ်စ ဦးမျက်နှာက ဘုံ နှင့်
နီးကပ်လာကာဦး မျက်နှာအစိတ်
အပိုင်းလေးတွေကို ပိုပြီးနီးကပ်စွာတွေ့လာရတယ်...
နီညိုရောင် နှုတ်ခမ်းတစ်စုံ....ထူထပ်မဲနက်နေတဲ့
မျက်ခုံးနှစ်ဖက်....မျက်ဝန်းညိုညိုလေးတွေဖြင့်
ချောမောလွန်းလှသည့် သူမ၏💞 ဦး 💞

သတိလွတ်လောက်အောင်အထိကိုသူမ
ငေးနေခဲ့မိတာခဏအကြာမှ သတိပြန်ဝင်လာပြီး
ဘုံ ခါးထက်ကလက်တွေကိုဖယ်ဖို့ပြောရင်း
ဦး လက်ထဲမှအတင်းပြန်ရုန်းလိုက်သည်။

''''ကျွန်မကိုလွှတ် လွှတ် လွှတ်ပေးလို့...
.ဦးမင်း....အင့်''''

လွှတ်လို့ပြောပြီး သူ့လက်ထဲမှအတင်း
ရုန်းကန်နေသည့်ချာတိတ်၏ကိုယ်လေးကို
ပိုလို့တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ကာ
ထင်လက်တစ်ဖက်ကချာတိတ်၏ခေါင်းလေးကို
ထိန်းကိုင်ရင်းခေါင်းကိုစောင်း၍စကားတွေ
များနေသောနီထွေးဖူးအိနေတဲ့ ပန်းနုရောင်
နှုတ်ခမ်းလေးအားဖိနမ်းပစ်လိုက်သည်။

မပိုင်ဆိုင်ရတာကြာပြီဖြစ်သည့် နှုတ်ခမ်းလေးကို
မိနစ်အတော်ကြာအောင်အထိ အပိုင်ယူထားလိုက်သည်။
ချာတိတ်က ရုန်းလေလေသူ ပိုပြီးကြမ်းလေလေ....
မင်းနှုတ်ခမ်းကတစ်ကယ်ကို ချိုမြိန်လွန်းတယ်
ကိုယ့်ကို ထပ်ပြီးနမ်းမိအောင် ဆွဲဆောင်နေတာပဲ

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now