Part - 13

983 19 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

              🎀👑အပိုင်း - (၁၃)👑🎀

''''ဟင်....လရိပ်''''

ကော်ဖီတွေကလရိပ်ရှပ်အက်ျီဖြူပေါ်၌
ပေကုန်တော့သည်။ဘုံ လရိပ် နာမည်ကို
ရေရွက်ရင်း

''''ဘုံ မင်းအဆင်​ပြေရဲ့လား''''

သူမကို စိုက်ကြည့်ရင်း စိုးရိမ်တကြီး
မေးနေရှာသောလရိပ်

''''အင်း''''

လရိပ်....ဧကရီသျှင် ဘက်ကို လှည့်ကာ

''''ဒေါ်ဧကရီသျှင်....ခင်ဗျား ကအရင်ကလိုပဲ
တခြားသူတွေ အပေါ်မကောင်းစိတ်ထားနေတုန်းပဲကိုး
မပြောင်းလဲသေးတာ ဂုဏ်ယူပါတယ်''''

''''ဘာ!!....လရိပ်ထင် မင်း...မင်း''''

လရိပ်ထင်၏စကားကြောင့် သျှင် ဒေါသတွေကို
မနည်းထိန်းချုပ်နေရတယ်......ကျေနပ်အားရတဲ့
အပြုံးကိုပန်ဆင်နေသောလရိပ်ထင်ကို
ပြန်ချေပစရာစကားပင်ရှာမတွေ့.....

''''ကျွန်တော်ချစ်တဲ့အရာတွေကို ခင်ဗျား
လက်ဖျားနဲ့တောင်မထိနဲ့ထိရင်လည်း ကိုကို့ဇနီးဆိုပြီး
ခင်ဗျားကို သက်ညှာမှာမဟုတ်ဘူးဒေါ်ဧကရီသျှင်
.....လာ.....ဘုံ သွားရအောင်''''

ဧကရီသျှင် ကိုပြောရင်း လရိပ် ဘုံလက်ကိုဆွဲကာ
ဝိုင်းအုံနေသော လူအုပ်ထဲမှ ဖြတ်သွားဖို့ကြံနေတုန်းမှာပဲ
ဒေါ်ဧကရီသျှင် စကားကြောင့် ဒေါသတွေက
တဟုန်ထိုးတက်လာခဲ့ရသည်။

''''မင်းကအမြူအဆွယ်ကောင်းလွန်းတယ် ဘုံကြိုးမျှင်
အကိုရော ညီရော အပိုင်ချုပ်ထားနိုင်တာပဲ
သျှင် ကိုသင်ကြားပေးလို့ရမလားရှင့်''''

''''ခင်ဗျား!! လူကြီးဖြစ်ပြီးစကားကို
ဆင်ဆင်ခြင်ခြင်ပြောပါဒေါ်ဧကရီသျှင် ဘုံ က
ခင်ဗျားလို ယောက်ျားလေးတစ်ယောက်ကို
အတင်းလိုက်ကပ်ပြီး မနေဘူး
မိန်းကလေးပီသတယ်ကြင်နာတယ်
စိတ်ထားကောင်းတယ် ယုတ်မာလွန်းတဲ့
ခင်ဗျားကြီးသာ ကိုယ့်ကိုကိုယ်
ပြန်ဆန်းစစ်ကြည့်လိုက်ပါအုံး....
ကိုကို့ဇနီးဖြစ်လာဖို့ဘယ်လိုတွေ
ယုတ်မာကောက်ကျစ်ခဲ့လဲဆိုတာ
ခင်ဗျားအသိဆုံးပါ''''

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now