Part - 38

688 14 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

🎇အပိုင်း- ၃၈🎇

''''ခင်ဗျားရဲ့သမီး ဧကရီသျှင်ပဲ''''

ဒေးဗစ်....စားပွဲခုံပေါ်လက်ထောက်၍တည်တ့ံတံ့
မျက်နှာအမူအရာဖြင့်သူမကိုစိုက်ကြည့်ကာ
ပြောလိုက်ပြီး သူ့စကားအဆုံးတွင်

''''ဟားး....ဟား.....အဲ့ဒါတစ်ခုတည်းလား''''

ဒေါ်ရုပ်ပျိုရွယ်ရဲ့စကားကြောင့်ဒေးဗစ်
နားမလည်စွာကြည့်နေမိပြီး

''''ခင်ဗျားကမပေးနိုင်လို့လား''''

''''No....No....''''

ရယ်ရယ်မောမောနှင့် ခေါင်းရမ်းကာပြောနေတဲ့
သူမကိုကြည့်ပြီးရူးများသွားပြီလားဟုတွေးမိ
တော့သည်.....စိတ်ခြောက်ခြားနေသည့်လူနှင့်
မခြားမနားဖြစ်နေလို့ပင်။

''''အဲ့ကောင်မကငါ့အတွက်အသုံးမဝင်ပါဘူး
ငါတို့ကိစ္စအောင်မြင်ပြီဆိုတာနဲ့မင်းလက်ထဲကို
အပြီးပိုင်ထည့်ပေးလိုက်မယ်''''

ဒေးဗစ်....လုံးဝမထင်မှတ်ထားသည့်စကားမို့
ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ကိုယ့်သမီးကိုတခြားယောက်ျားလေးက
အပျော်ကြံဖို့ရာခေါ်တာသိသိရက်နဲ့ဘယ်လို
များထည့်ပေးနိုင်တာလဲစဥ်းစားမရ။
မိခင်စိတ်ရောရှိသေရဲ့လား မသိတော့ပေ။

အရင်ကဒေးဗစ် အဲ့လောက်လွယ်ကူမယ်မထင်ခဲ့။
ဧကရီသျှင်ဆီက ပါးတစ်ဖက်လျော်ကြေးကို
သူမဘဝနဲ့ပြန်ဆပ်ရမယ်.....ဒေါ်ရုပ်ပျိုရွယ်က
သူပြောတာလက်ခံတယ်ဆိုတော့မည်သူက
မပျော်ပဲနေမည်နည်း။

''''လုပ်ငန်းကိုဘယ်အချိန်စကြမလဲ''''

''''ဖြစ်နိုင်ရင်တော့မနက်ဖြန်ပေါ့ဒါပေမယ့်
ဒီနေ့မှလက်ထပ်ထားတဲ့ကြင်စဦးဇနီးမောင်နှံလေးကို
ခွဲမပစ်ရက်ဘူး.....နောက်ကျဘယ်တော့မှပြန်မဆုံ
နိုင်တော့လို့....၃ရက်လောက်တော့အေးဆေးလေး
ကြင်နာကြပါစေအုံး...ဟား.....ဟား..''''

ဒေါ်ရုပ်ပျိုရွယ်ဟာ အရူးတစ်ယောက်ပမာ
အော်ဟစ်ရယ်​ေမာနေတော့သည်။
မြေးခွေးတွေကတော့တစ်ခုမအောင်မြင်ရင်
နောက်တစ်ခုဆက်ကြံနေတုန်းပါပဲ
ကောက်ကျစ်စဥ်းလဲသူတို့အဖို့တခြားသူကို
အန္တရာယ်ကျရောက်အောင်နည်းလမ်းမရှား။
နောက်ဆုံးကျရင်တော့ ရိုးသားသူနှင့်
ကောက်ကျစ်သူ မည်သူကအနိုင်ရမလဲဆိုတာ
သိရမှာပါ။

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now