Part - 22

603 15 0
                                    

💞ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

                  🥀💟 အပိုင်း - ၂၂ 💟🥀

''''ဟင်...မင်း..မင်းက''''

''''ရှင်က လူစိတ်ပုတ်ကြီးပဲ''''

နှစ်ယောက်စလုံးအသံကျယ်ကြီးဖြင့်ပြိုင်တူ
ပြောလိုက်တာကြောင့်ဘေးနားက
လမ်းသွားလမ်းလာတွေက
သူတို့နှစ်ယောက်ကို ကြည့်နေကြသည်။

''''မင်း ထနိုင်ရဲ့လား''''

''''ရှင်....ချစ်ခြင်းကို တမင်တိုးတိုက်တာမလား''''

နာကျင်နေတဲ့ ခြေကျင်းဝတ်လေးကို
ချစ်ခြင်းကြည့်ရင်းထိုလူကြီးအား
အသံစွာစွာလေးဖြင့်ရန်တွေ့နေပေမယ့်
ခြေထောက်ကတဆစ်ဆစ်နာကျင်နေတာမို့
မျက်ရည်တွေဝဲသီလာတော့သည်။

''''ဟောဗျာ...မင်းကပဲပြောရတယ်ရှိသေး''''

D...ကောင်မလေးကိုကြည့်ရင်း အံ့သြစွာဖြင့်
ပြောလိုက်သည်။

''''မင်းလည်းမှားတာပဲလေ....ကိုယ့်ကိုချည်းအပြစ်
တင်နေလို့မရဘူး''''

''''အဟင့်....ရှင် ချစ်ခြင်းကိုတမင်လုပ်တာဟိုတစ်ခါ
တွေ့တုန်းကမကျေနပ်လို့အခုပြန်ကလဲ့စားချေတာ
လူစိတ်ပုတ်ကြီး....အဟင့်....''''

သူ့ကိုလက်ညှိုးတစ်ထိုထိုနှင့်ငိုယိုကာ​ပြောနေသည့်
ကောင်မလေးကြောင့် D ခေါင်းကုပ်မိသည်။
သူကလည်း မချော့တတ်နဲ့တော့ဒုက္ခတော့တွေ့ပြီ

''''မင်းထွက်ပြေးလို့မရတော့ပါဘူး ''''

''''ဟင်....ဦးရာဇာ''''

အနက်ရောင်ဝတ်စုံအပြည့်နဲ့အသက်ကြီးကြီး
လူတစ်ယောက်နောက်မှာလည်း လူ၅ယောက်နဲ့
ဘာလဲဟအဲ့လူက ဝရမ်းပြေးလား.....သေစမ်း...
ချစ်ခြင်းသက္ကရာဇ်.....မဖြစ်ဘူး
ငါထွက်ပြေးရမယ်....
တွေးရင်း စဥ်းစားရင်းနဲ့ ချစ်ခြင်း
ခြေထောက်နာတာကိုလျစ်လျူရူ၍
မတ်တပ်ရပ်ဖို့ကြိုးစားလိုက်သည်။

အစကတော့ ထလို့ရပြီး နောက်ကျတော့
ချစ်ခြင်းကိုလာတိုးတဲ့ လူစိတ်ပုတ်ကြီးကြောင့်
ပြန်လဲကျမလို ဖြစ်သွားခဲ့ရပေမယ့်
သူမခါးလှမ်းဆွဲလိုက်တဲ့ လက်တစ်ဖက်

''''အမလေး...''''

နောက်သို့လန်ကျသွားသည့် ကောင်မလေးခါးကို
လှမ်းဆွဲလိုက်ပြီး D သူမအနားကို တိုး၍
ခန္ဓာကိုယ်သေးသေးလေးကိုပွေ့ချီလိုက်သည်။
ခဏတာ အကြည့်ချင်းဆုံသွားရတဲ့ကောင်မလေး၏
မျက်ဝန်းလှလှတွေ......ကြောင့် နှလုံးသားက
ခုန်ပေါက်နေတော့သည်။
အရုပ်ကလေးပမာ လှရက်နိုင်လွန်းသည့်သူမလေး
Dနဲ့တော့ အသက်ကတော်တော်ကွာမှဒါပေမယ့်
ကလေးကို ကိုယ်ချစ်မိသွားပြီ
ကောင်မလေးရေ အခုကစပြီး မင်းကိုယ့်ကို
ချစ်လာအောင်လုပ်တော့မယ်
သတိသာ ထားနေပေတော့

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now