💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🎀👑 အပိုင်း-(၁၁)👑🎀
''''ရှင်.....ရှင်.....''''
''''ဟား....ဟား....''''
ရူးနေသူတစ်ယောက်လိုဟက်ဟက်ပက်ပက်
ရယ်နေသောဒေါ်ဧကရီသျှင်ကိုကြည့်ရင်း
ဘုံ တစ်ယောက်အတွေးတွေက
ဦးသျှန် ဆီသို့သာဦးတည်နေတော့သည်။
စို့တက်လာတာတဲ့နာကျင်ဝမ်းနည်းမှုတွေကို
နှလုံးသားကလက်မခံနိုင်တာမို.....နာကျင်စွာဖြင့်
ပါးပြင်ထက် မျက်ရည်တွေကစီးကျလာသည်။မျက်တောင်ရှည်လေးတွေဖြင့်ပုတ်ခတ်ကာ
ထိန်းထားသော်လည်း မျက်ရည်ကြည်ဥတွေက
တားဆီးမရစွာပါးပြင်ပေါ် တလိမ့်လိမ့်
ဆင်းကြလာပြီးလက်ခုံဖြင့်အကြမ်း
ပတမ်း သုတ်ပစ်လိုက်သဖြင့် တခဏချင်းမှာပဲ
မျက်ရည်တွေကတိတ်သွားတော့သည်။''''မင်းအလွမ်းသယ်လိုက်ပါအုံး..မနက်ဖြန်ဆိုရင်
မင်းရဲ့ဦးသျှန်ကငါ့ခင်ပွန်းဖြစ်လာတော့မှာ.....
ဟား....ဟား...''''ဘုံကို ခနဲ့ကာ မျက်နှာထက်မြေခွေးအပြုံးကိုပြုံးလျက်.....
အခန်းထဲမှ ထွက်သွားသော ဒေါ်ဧကရီသျှင်ကို
ကြည့်ရင်းဘုံ ဝမ်းနည်းစွာဖြင့်ထပ်မံငိုကျွေးမိပြန်သည်။''''အဟင့်....အဟင့်.....ဦးသျှန်....ဦးသျှန်''''
မီးအိမ်လေးက အခန်းထဲမှာအစွမ်းကုန်
ထွန်းလင်းတောက်ပနေသဖြင့် အခန်းထဲမှ
အရာဝတ္ထုတွေကို ရေးရေးလေးမြင်ရပြီး
ကုတင်တစ်လုံး....ခေါင်းအုံးတစ်လုံးနှင့်
အစာအနည်းငယ်သာရှိသည်။ကုတင်ပေါ်ကိုလဲလျောင်းကာ ဘုံအရာအားလုံးကို
ခေတ္တခဏမေ့ပစ်ဖို့ မျက်လုံးဝိုင်းတွေကို
မှိတ်ပစ်ဖို့ကြိုးစားသော်လည်း....မရပေ.....
ခေါင်းအုံးလေးမှာ ဘုံ မျက်ရည်တွေကြောင့်
စိုစွတ်နေတော့သည်။အမှောင်ယံညလေးကို
တိတ်ဆိတ်မှုက ကြီးစိုးလာကာအအေးဓာတ်ကလည်း
ဝင်ရောက်လာသည်။ဘုံ.....ကိုယ်တစ်ခုလုံး အေးစက်နေပေမယ့်
နှလုံးသားထဲကအချစ်မီးလျှံလေးကတော့
မငြိမ်းသတ်သေး....ပို၍လောင်ကျွမ်း
လာသည်သာ ရှိတယ်.....
အချိန်တော်ကြာမှာတော့ငိုလွန်းလို့
မို့အက်နေသောမျက်ခွံလေးတွေက
တစ်စထက်တစ်စ လေးလံလာပြီး...
.အမှောင်အတိကျသွားတော့သည်။
.
.
.
.
.
''''ဝူး.....''''