💞 ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🌺🌻 အပိုင်း- ၂၉💌💋
''''ဒေါ်ရုပ်ပျိုရွယ် ....ခင်ဗျား....ဘယ်လိုလုပ်
ရောက်နေတာလဲဒါကရှယ်ယာရှင်အစည်းအဝေး
အခန်းပါအခုချက်ချင်းထွက်သွားပေး''''''oh!!..သခင်လေးလရိပ်ကဒေါသကြီးတာပဲ''''
လရိပ်ရဲ့ခက်ထန်ထန်စကားသံကိုဒေါ်ရုပ်ပျိုရွယ်က
လေှာင်ပြောင်သလား? တမင်ပဲရွှဲ့ပြောနေသလား
မသိတော့။အံ့သြသလိုလို ခနဲ့သလိုလိုနဲ့
လရိပ်ကိုကြည့်နေတော့သည်။
ခဏအကြာမှ ထိုင်ခုံပေါ်မှထကာလရိပ်တို့
ဆီသို့တစ်လှမ်းချင်း လျှောက်လာပြီး''''ရှယ်ယာရှင်အစည်းအဝေးဆိုတာသိတယ်လေ
တို့ကလည်းရှယ်ယာရှင်ပဲဟာကို''''''''မဟုတ်တာမပြောနဲ့ Moon Star Companyမှာ
ခင်ဗျားရဲ့ရှယ်ယာတစ်ခုမှမရှိဘူး ထွက်သွားပေးပါ
မဟုတ်ရင် လုံခြုံရေးခေါ်ရလိမ့်မယ်''''ဘွဲ့....သည်းမခံနိုင်စွာပြန်ပြောလိုက်သည်။
ဘာတွေဖြစ်ကုန်တာလဲ.....MS မှာသူမရှယ်ယာ
မရှိပါဘူး....အခုက.....''''ဒီဘွဲ့သျှန်....ဘာလဲမင်းကအထက်လူကြီးကို
ပြန်ခံပြောနေတာလား ကောင်းပြီလေ မင်းတို့က
မယုံဘူးဆိုတော့လည်း ငါကသက်သေပြပေးရမှာပေါ့
ဗညား....''''လို့ပြောရင်း လက်ဝါးဖြန့်ကာလက်ထောက်ဖြစ်သူဆီမှ
တောင်းလိုက်တော့ အဖြူရောင်စာရွက်နှစ်ခုက
လက်ထဲရောက်လာကာ ဒီဘွဲ့သျှန် အားပေးလိုက်သည်။ဒေါ်ရုပ်ပျိုရွယ် လှမ်းပေးလာသည့်စာရွက်ကို
ဘွဲ့ ချက်ချင်းပင် ယူကြည့်လိုက်တဲ့အခါ
မြင်လိုက်ရတဲ့အရာကြောင့် လရိပ်ရော ဘွဲ့ရော
ပါးစပ်အဟောင်းသားဖြစ်သွားရတယ်[ MS၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို
ဦးမိုးထက် မှ ဒေါ်ရုပ်ပျိုရွယ်အား ရှယ်ယာ
ရောင်းချခြင်း စာချုပ် ]စာချုပ်ကိုကြည့်ပြီးတစ်ယောက်ကိုတစ်ယောက်
နားမလည်စွာဖြင့်ဒေါ်ရုပ်ပျိုရွယ်အားမေးလိုက်သည်။''''ဒါက.....''
''''ဟုတ်တယ်....အခုကစပြီး MS မှာငါက
ဒုတိယရှယ်ယာအများဆုံးသူပဲ အဲ့ဒီတော့
နောက်အပတ်မှာကျင်းပမယ့်
ဥက္ကဋ္ဌ ရွေးချယ်ပွဲမှာငါလည်းပါဝင်လို့ရပြီပေါ့''''