💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
💙💚အပိုင်း- ၃၉💙💚
''''လူကြီးနှင့်အကိုဘွဲ့အကြောင်း သိချင်လို့''''
''''babeကဘာလို့သိချင်နေရတာလဲ''''
ချစ်ခြင်း....မေးတာကိုမဖြေသည့်အပြင်
သူမကိုသာပြန်မေးခွန်းထုတ်နေသော
ဦးဒီလွှမ်းစစ်ကိုကြည့်ရင်းစိတ်ထဲက
ကျိန်ဆဲနေမိသည်။'သိချင်ပါတယ် ဆို...သိချင်တယ်ပေါ့
တော်တော်လည်းစပ်စုတဲ့လူကြီး...'''''မပြောပြချင်လည်းရပါတယ် ချစ်ခြင်း
ပြန်တော့မယ်''''ဂျစ်ကန်ကန်လေသံဖြင့်ချစ်ခြင်း အလိုမကျစွာ
ပြန်ပြောရင်းဆိုဖာပေါ်မှထလာခဲ့သည်။''''ဟိတ်''''
''''အမလေး!!'''
ပြန်မည်စိုးတာကြောင့် ထွက်သွားတဲ့သူမလက်ကို
မမှီမကမ်းနဲ့Dဆွဲလိုက်ရာ ခန္ဓာကိုယ်လေးက
ရင်ခွင်ထဲရောက်လာပြီးနောက်ဖက်ဆိုဖာပေါ်သို့
နှစ်ယောက်လုံးအရှိန်နဲ့ကျသွားသည်။နှစ်ယောက်စလုံး၏မျက်နှာကနီးကပ်သွားပြီး
မတော်တဆထိကပ်သွားတဲ့နှုတ်ခမ်းလွှာနှစ်ခု
သူတို့နှစ်ယောက်၏ရင်ခုန်သံတွေကတခြားသူ
ကြားသွားမည်ပင်စိုးရသည်။
တဒုန်းဒုန်းနဲ့ကိုဆူညံနေသည့်ရင်ခုန်သံကြောင့်
ချစ်ခြင်း....ခြေဖျားလက်ဖျားတွေအေးစက်
လာကာ အနီးကပ်တွေ့မြင်ရသည့်မျက်ဝန်း
ညိုညိုကြီးတွေအား ငေးမောကြည့်နေမိသည်။အတန်ကြာမှ သတိပြန်ဝင်လာပြီး
ကပျာကယာနဲ့ချစ်ခြင်း အမြန်လူကြီးအပေါ်မှ
အမြန်ထလိုက်သည်။သို့ပေမယ့်ကံဆိုးချင်တော့
ချစ်ခြင်း ဆံပင်ကသူ့အက်ျီကြယ်သီးနဲ့
ငြိနေလေသည်။
စောနကလိုဖြစ်သွားမည်စိုးရတာကြောင့်
ချစ်ခြင်း အရှိန်မြန်မြန်ထိန်းလိုက်ရတယ်''''အာ့....နာလိုက်တာ''''
''''ငြိမ်ငြိမ်နေနော်...ကိုယ်ဖြုတ်ပေးမယ်''''
သူ့ရင်ဘတ်ပေါ်က babeဆံပင်ကိုစိတ်ရှည်ရှည်နဲ့
ဖြုတ်ပေးရင်းမျက်နှာဝိုင်းလေးကို
ခိုးခိုးကြည့်ကြည့်မိသည်။
မျက်တောင်ရှည်ရှည်လေးတွေကိုခပ်လျက်
သူဖြတ်ပေးတာကိုငြိမ်သက်စာခံယူနေတာ
နာလွန်းလို့မျက်နှာလေးကရှုံ့မဲ့နေလေသည်။
စိတ်မထိန်းနိုင်စွာဖြင့်သူရယ်လိုက်မိတဲ့အခါ