Part - 17

932 22 2
                                    

💕ဦး❤နှလုံးသား💚အား ပိုင်ဆိုင်ပါရစေ💕

               🍄🌺[အပိုင်း- ၁၇]🍭🍬

''''ချာတိတ်....မင်းသူ့ကိုခေါ်လိုက်တာ
ကိုကို ဟုတ်လား...အဟက်....ကြားရတာ
တော်တော် နားခါးတာပဲ''''

ပါးတစ်ဖက်ဘက်ကိုသာ..ပြုံးရင်းမထီမဲ့ပြုံးနှင့်
ရင်ထဲကနာကျင်မှုကိုလျစ်လျူရှုလို့ မျက်နှာထက်
အပြုံးတုကိုဖန်တီးလိုက်ရသည်......
အသည်းကွဲတာအတွက်နာကျင်မှုခဏ
ဖြေဖျောက်နိုင်ရန် ထင် အရက်သောက်ဖို့
ဆုံးဖြတ်လိုက်သည်... ...ဒေါသတွေ
နာကျင်မှုတွေခံပြင်းမှုတွေ ကိုတခဏ
မေ့ဖျောက်နိုင်တာ ဒီအရက်ပဲ
ရှိတာ လောကကြီးနှင့်ခဏတာ
အဆက်အသွယ်ပြတ်နေချိန်ကတော့
အိပ်စက်ခြင်းကမ္ဘာထဲမှာအနားယူတာ
သူ့အတွက်အကောင်းဆုံးပါ....

အရာအားလုံးကို မေ့တဲ့အထိငါသောက်ပစ်မယ်.
....ကားကိုအရက်ဆိုင်ရှေ့ထိုးရပ်လိုက်ပြီး
ဘေးဆုံးထိုင်ခုံတစ်ခုတွင်ထိုင်၍ အပြင်းဆုံး
အရက်ကိုမှာလိုက်သည်.....

''''အပြင်းဆုံးအရက်၁၀ပုလင်းပေးပါ''''

''''ဗျာ''''

waiterကောင်လေးက ထင်ကိုမယုံသင်္ကာနှင့်
မေးလာတာကြောင့်ဒေါသံသံဖြင့်ပြန်ပြောလိုက်ရင်း
ထင်စိတ်ထဲက စိတ်တိုရတဲ့အထဲဒီကောင်လေးတစ်မျိုး

''''ဘာလဲ....မင်းကငါငွေမရှင်းနိုင်မှာစိုးလို့လား''''

''''မဟုတ်....မဟုတ်ပါဘူး ခင်ဗျ....
ကျွန်တော်ကအံ့သြ လို့ပါ
ချပေးပါ့မယ် ခဏစောင့်ပါ''''

ကောင်ကလေးဟာ ထင် မျက်နှာကိုလန့်သွားပုံရသည်။
ပြာပြာသလဲ အရက်ပုလင်းတွေမြန်မြန်
လာချ ပေးကာစားစရာတွေလည်း
ယူလာပေးသည်။

''''ကျေးဇူး''''

ကောင်လေးအားကျေးဇူးတင်စကားပြောရင်း
ဖန်ခွက်ထဲသို့အရက်တွေအပြည့်ထည့်လိုက်ပြီး
တဂျိုက်ထဲသောက်ပစ်လိုက်တာသည်။
ထင်ကဝိုင်တောင်အပြင်းစားမသောက်တဲ့သူပါ
အခုအရက်သောက်လိုက်တာ အရသာက
တစ်မျိုးကြီး.....

ထင်အနားက ထွက်မသွားပဲသူ့ကိုသာ
စားပွဲထိုးကောင်လေးက ကြောင်ကြည့်နေတာမို့

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now