💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💕🎀💙💙[ အပိုင်း - ၄ ]❤💙🎀
''''အဘွား......အခြေအနေဘယ်လိုရှိလဲ သော်''''
""စိုးရိမ်စရာမရှိတော့ပါဘူး........ထင်
နှလုံးကအားနည်းနေလို့ ပြီးတော့ အဘွားခက
အသက်အရမ်းကြီးနေပြီလေ......စိတ်မကျန်းမာ
တော့ ခန္ဓာကိုယ်ကပိုဆိုးလာပြီး အထိတ်အလန့်
တွေလည်း မခံနိုင်ဘူး အခုကစပြီးအဘွားကို
ပိုဂရုစိုက်ပါ ငါလည်း roundလှည့်စရာရှိသေးလို့
သွားတော့မယ် ထင်""""ကျေးဇူးပါ သော်""
ဒေါက်တာသော် ထွက်သွားပြီးနောက်အခန်းထဲ၌
ထင် ကျန်နေခဲ့ကာ ဘုံကြိုးမျှင်က
လိုအပ်တဲ့ပစ္စည်းတွေသွားယူဖို့ စံအိမ်ကို
ဘွဲ့နှင့်လိုက်သွားသည်။
ကုတင်ပေါ်ထက် လဲလျောင်းနေသော
အဘွား ကို ထင် ကြည့်နေမိရင်း
ဘေး၌ဝင်ထိုင်လိုက်ပြီး ရင်ထဲ၌
ဝမ်းနည်းမှုတွေ စို့တက်လာသည်။
တွယ်တာနားခိုရာ အဘွားရင်ခွင်ထဲ
တိုးဝှေ့ခဲ့ဖူးသော အရင်ကကြည်နူးစရာ
ရက်စွဲလေးတွေက ခေါင်းထဲဝင်ရောက်လာပြီး
အဘွားဘယ်ဘက်လက်လေးကိုဆုပ်ကိုင်ကာ''''အဘွား နေကောင်းမှကျွန်တော်လက်ထပ်ပွဲကို
ပျော်ပျော်ရွှင်ရွှင်နဲ့ပါဝင်ဆင်နွှဲနိုင်မှာပေါ့
မြန်မြန်သတိရလာတော့နော် အဘွား""""ဒေါက်.......ဒေါက်....""
""ကိုကို""
တံခါးခေါက်သံနှင့်အတူ ညီဖြစ်သူ
လရိပ်၏အသံကြောင့်မျက်လုံးအိမ်၌
ဝဲတက်နေသောမျက်ရည်တွေကို
မကျမိအောင် ထိန်းထားလိုက်ပြီး
ဟန်မပျက်ဆက်နေလိုက်သည်။""လရိပ် ဝင်လာခဲ့လေ""
""ဟုတ်""
လက်ထဲတွင်အထုပ်တွေများစွာဖြင့်အခန်းထဲ
ဝင်လာသော လရိပ်ကြောင့် ထိုင်နေရာမှ
မြန်မြန်ထလိုက်ပြီး လက်ထဲကအထုပ်တွေကို
ခွဲယူလိုက်သည်။""အဘွား......သက်သာရဲ့လား ကိုကို""
""သက်သာပါတယ် ဆေးအရှိန်ကြောင့်အိပ်ပျော်
နေတာပါ ၂နာရီလောက်ကြာရင်တော့သတိရ
လာမှာပါ""""ကိုကို့....ကို ကျွန်တော် အရေးတကြီး
ပြောစရာရှိတယ်""""ဘယ်လို""