Part - 27

984 15 0
                                    

💞 ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

               👑🥀အပိုင်း - ၂၇🍑🎀

''''ဟင်....ဒါက....''''

မြင်တွေ့လိုက်ရတဲ့ပုံတွေကြောင့်
ချစ်ခြင်း ထိတ်လန့်အံ့သြမှုများစွာနဲ့
ဦးဒီလွှမ်းစစ်နှင့်ချစ်ခြင်း နမ်းနေကြသည့်ပုံတွေ
တစ်ပုံပြီးတစ်ပုံ.....ဒီပုံတွေက....ဘာလို့
ပါးလက်ထဲ ရောက်နေရတာလဲ.....
ပါးကိုကြည့်လိုက်တော့လည်း ချစ်ခြင်းကို
မျက်နှာတင်းတင်းကြီးနှင့် ကြည့်နေသည်။

''''အဲ့ဒါကဘာတွေလဲ ရှင်းပါအုံး ချစ်ခြင်းသက္ကရာဇ်''''

ဦးသက္ကရာဇ်.....မီးငယ်ကိုကြည့်ကာလေသံမာမာဖြင့်
ဟောက်လိုက်သည်.......

''''အဲ့ဒါကလုပ်ကြံထားတာ ပါး...''''

''''ဘာလုပ်ကြံထားတာလဲ.....ဟမ်....ပုံက
အဲ့လောက်ကြည်လင်ပြတ်သားနေတာ
လုပ်ကြံထားတာဖြစ်နိုင်လို့လား.....
ပါး တစ်ခုပဲပြောမယ်မောင်လွှမ်းနှင့်
မီးငယ်ကို ပါးသဘောတူတယ်
အမြန်ဆုံးလက်ထပ်ဖို့လုပ်ကြတာပေါ့''''

''''အဲ့လူကြီးအကြောင်းကိုပါး မသိပါဘူး
ဘဝင်မြင့်တယ်ရုပ်ဆိုးတယ်၊စိတ်ပုတ်တယ်၊
တစ်ကိုယ်ကောင်းဆန်တယ်ကပ်သီးကပ်သပ်
နိုင်သေးတယ် အလကားလူကြီး
အဲ့လိုလူမျိုးကို ပါးကချစ်ခြင်းနှင့်
သဘောတူတာလား''''

အသံစွာစွာလေးဖြင့် အားရကျေနပ်စွာ
သူမစိတ်ထဲမှာရှိသမျှကို ပြောလိုက်သည်။
ပါး သဘောမတူအောင်ချစ်ခြင်းကြိုးစားရမယ်
အဲ့လူကြီးက မကောင်းဘူးဆိုတာသိရင်
ဘယ်သဘောတူတော့မှာလဲ.....

''''ကိုယ်ကအဲ့လောက်တောင်ဆိုးတာလား ကလေး''''

ချစ်ခြင်း အသံလာရာဘက်သို့လှည့်ကြည့်လိုက်တော့
အိမ်တံခါးဝတွင် ပြုံးဖီးဖီးနှင့်သူမကိုကြည့်နေတဲ့
ဦးဒီလွှမ်းစစ်.....အိမ်ထဲကိုဝင်လာကာ
သူမ၏ဘေး၌ဝင်ထိုင်ပြီး

''''ဘာတွေဆွေးနွေးနေကြတာလဲဗျ''''

''''ဘဝင်လေဟပ်ပြီးကိုယ့်ကိုကိုယ်အရမ်း
အထင်ကြီးတဲ့လူကပ်သပ်အကြောင်း
ပြောနေကြတာပါ''''

အမြင်ကပ်ကပ်ဖြင့် ထိုလူကြီးကိုရွဲ့ကာပြောလိုက်သည်။
ရှင့်လိုလူကိုများ ချစ်ခြင်းလက်ထပ်မယ်မထင်နဲ့
ပါးသဘောတူလည်း လက်မထပ်ဘူး....
ဟွန့်......သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာ
လူစိတ်ပုတ်ကြီး....စိတ်ထဲမှာအကြိမ်ကြိမ်အခါခါ
ထိုလူကြီးအား ကျိန်ဆဲနေမိသည်။

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now