💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🍑💌 အပိုင်း- ၃၁💋🌼
''''ဟင်....ဘုံ....''''
ဧည့်ခန်းတွင် ဦးမင်းညထင်နှင့်အတူထိုင်နေပြီး
ငိုရှိုက်နေသည့်ဘုံ....ချစ်ခြင်းနာမည်ကို
ဝမ်းသာအားရစွာခေါ်လာပြီး မျက်နှာငြိုးငြိုးလေးနဲ့
ကြည့်နေလေသည်။
ချစ်ခြင်းလည်း ဘုံ ဆီ အမြန်ပြေးသွားလိုက်ကာ
ဒေါသအရှိန်အဟုန်ပြင်းစွာဖြင့် ဦးမင်းညထင်ကို
ရိုက်ရန်ရွယ်လိုက်သည်။ဒါပေမယ့်လည်း
သူမလက်ဟာ လေထဲတွင်ရပ်တန့်သွားရပြီး''''ကျစ်!....D မင်းငတိမလေးကိုထိန်းနော်
ပြီးမှငါလွန်တယ်လာမပြောနဲ့''''ထင်ကိုရိုက်ဖို့ရွယ်လာသည့်လက်ကိုအသာယာ
ဖမ်းဆုပ်ပြီး Dကိုကလေးလာထိန်းပေးဖို့
ပြောရသည်။''''ဘာရှင့်''''
ငတိမလေးဟု အခေါ်ခံလိုက်ရတာကြောင့်
ချစ်ခြင်း ခံပြင်းမှုဒေါသစိတ်တွေဖြင့်
ပြောလိုက်သည်။Dလည်း သျှန်တို့အနားသွား၍ babeကို
ဖြောင်းဖြလိုက်သည်။''''babe...တော်တော့ ဘုံကိုတွေ့ရအောင်
ခေါ်လာပေးတာရန်ဖြစ်ဖို့မဟုတ်ဘူး''''''''လူကြီးနော်...ချစ်ခြင်း ဘက်ကဝင်ပြောမပေးဘူး''''
ထူးထူးခြားခြား လူကြီး ဟုခေါ်လိုက်တာကြောင့်
D နှလုံးခုန်သံကပိုပြီးမြန်လာသသည်။
ပျှော်ရွှင်ကြည်နူးမှုတွေရင်ဘတ်ထဲ
ပြည့်နှက်လာပြီး ပြုံးလျက် သျှန်အနားမှ
babeကိုအသာပွေ့ချီ၍ဆိုဖာပေါ်တွင်
ချပေးလိုက်သည်။''''အလကားလူယုတ်မာကြီး ဘာလို့ဘုံကိုဖမ်းတာလဲ
မိဘတွေဘယ်လောက်စိတ်ပူနေမလဲဆိုတာ
ရှင်မသိဘူးလား ''''''''ချစ်ခြင်းရယ် တော်ပါတော့''''
ဦးနှင့်ချစ်ခြင်းကိုကြည့်ပြီး ဘုံ ရယ်ချင်လာသည်။
တစ်ယောက်နှင့်တစ်ယောက်ဘယ်သောအခါမှ
မတည့်ကြဘူး.....သူငယ်ချင်းကိုတွေ့ရတော့
အတိုင်းမသိဝမ်းသာနေမိတယ်
မပြီးဆုံးနိုင်စွာရန်တွေ့နေသော ချစ်ခြင်းကို
ရပ်ဖို့ပြောရတော့သည်။