💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🍒🎀🍒[ အပိုင်း - ၈ ] 🎀🍂🍒
''''ဝူး.....ကျွီ.....''''
လရိပ် ရှေ့၌ထိုးရပ်လာသော အဖြူရောင်ကားတစ်စီး
ကားပေါ်မှ ဆင်းလာသူက ကိုကို''''လရိပ်.... ခြံထဲဝင်ကြရအောင်''''
''''အင်း...."''
ထင်.....ခြံအကြောင်းကို အကုန်လေ့လာထားပြီးသားမို့
ဘယ်ကဝင်ရမလဲသိသဖြင့် လရိပ် ရှေ့မှသွားကာ
ခြံဝန်းထဲရောက်တော့ အိမ်ဟောင်းကြီးထဲကို
နှစ်ယောက်သားဝင်လာခဲ့သည်။ဟောင်းနွမ်းယိုယွင်းကာ
အိမ်ထဲ၌ဖုန်အလိမ်းလိမ်း တက်နေပြီး ပစ္စည်းတွေက
နေရာအနှံ့ပြန့်ကျဲနေသလို ပိုးမျှင်၊ပင့်ကူအိမ်တွေဖြင့်
ပြည့်နက်နေသည်။ထောင့်တစ်နေရာရှိ ထိုင်ခုံပေါ်တွင်တစ်ကိုယ်လုံးအနက်
ရောင်ဝတ်ဆင်ထားတဲ့လူတစ်ယောက်ထိုင်နေကာ
ထင် ကို မြင်သည်နှင့် မတ်တပ်ထလာပြီး
သူတို့ဆီကိုလာနေသည်။''''သျှန်''''
''''D'''''
တစ်ယောက်နာမည်ကိုတစ်ယောက်ရွက်ရင်း
လက်ဆွဲနှုတ်ဆက်ကာ ပွေ့ဖက်လိုက်ကြသည်။
Dက ထင် စင်ကာပူမှာကျောင်းတက်နေစဥ်က
အခင်မင်ရဆုံးသူငယ်ချင်းတစ်ယောက်
တခြားသူတွေနဲ့ စကားပြောရတာကိုပင်
မနှစ်သက်သော ထင်ကDနှင့်တွေ့ရတော့
အရမ်းခင်မင်သွားခဲ့ရာ သွားအတူ စားအတူ
သူငယ်ချင်း တွေဖြစ်လာခဲ့သည်။Dက စင်ကာပူမှာပင် အခြေချကာ မြန်မာပြည်ကို
ပြန်မလာခဲ့ပေ။အခုကတော့ သျှန်က သူ့လက်ထပ်ပွဲကို
လာဖို့ အကြောင်းကြားရာမှ စကားပြောကြရင်း
Dragon အဖွဲ့အကြောင်း သျှန်ကပြောလို့
Dက သူစုံစမ်းပေးမယ်လို့ ကတိပေးခဲ့သည်။ဒါကြောင့်
မဂ်လာပွဲရက်မတိုင်ခင် ကြိုပြီးမြန်မာပြည်ကို
ပြန်လာခဲ့သည်။ဘေးနား၌ဘာမသိပဲ ရပ်နေရသော လရိပ်
သူတို့နှစ်ယောက်ရဲ့ရင်နှီးမှုကို မြင်ရတော့ သူအံ့သြရသည်။
ကိုကို ကသူငယ်ချင်းမထားပါ.....တစ်ယောက်တည်းသာ
အေးဆေးနေတတ်သူ.....''''လရိပ်....ဒါကကိုကို့သူငယ်ချင်း ဒီလွှမ်းစစ်လေ
ဒီဘွဲ့သျှန်၏အစ်ကိုအရင်းပဲ""