💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🐚🌺အပိုင်း - ၂၄ 💫🥀
''''ရှင်....ရှင်...ဦးမင်းညထင်....
ဒီကိုဘယ်လိုရောက်တာလဲ....''''''''ချာတိတ်ဆီကိုလာဖို့ ကိုယ့်မှာနည်းလမ်းတွေ
အများကြီးရှိတယ်....လွမ်းတယ် ချာတိတ်ရယ်''''ဟုထင်ပြောရင်း ချာတိတ်၏ကိုယ်လုံးလေးကို
ဆွဲဖက်ထားလိုက်သည်။အချိန်အကြာကြီး
လွမ်းဆွတ်တမ်းတခဲ့ရသမျှ အတိုးချကာ
ဖက်ထားလိုက်သည်။.....သူ့၏ရင်ခွင်ထဲ
ချာတိတ်ကတတလှုပ်နဲ့...အငြိမ်မနေ....
သူမ၏လက်သေးသေးလေးတွေနှင့်ထင် ကို
ထုရိုက်နေသေးတယ်....ယုန်ဖြူမလေးရယ်
တောဘုရင်လက်ထဲက မင်း ပြေးထွက်နိုင်
မှာတဲ့လား??....''''ကျွန်မကိုလွှတ်....ဦးမင်းညထင်''''
ဦး၏လက်တွေကို ဘုံ အတင်းဖယ်ထုတ်ပစ်လိုက်ပြီး
ဦးနှင့်ဘုံက မျက်နှာချင်းဆိုင်ဖြစ်သွားကာ
သူမခါးကိုပို၍တိုးလို့ဖက်ထားတာကြောင့်
ဘုံ လွှတ်ပေးဖို့ပြောရင်းနောက်သိုခန္ဓာကိုယ်အား
ဆုတ်လိုက်သည်။
ဒါပေမယ့်လည်း....ဘုံ...ကံမကောင်းခဲ့ပေ
ဦးရဲ့လက်ကသူမကိုယ်ကို ပြန်ပြီးဆွဲလိုက်ကာ
တင်းနေအောင် ဖက်ထားလို့ သူမ ခန္ဓာကိုယ်
သေးသေးလေးက ဦး၏ရင်ခွင်ကျယ်ကြီးထဲ၌
နစ်မြှုပ်နေသည်....ဘုံ လက်နှစ်ဖက်ဖြင့် ဦးရဲကျောပြင်ကို
ထုရိုက်ပေမယ့်လည်း အခုထိ လွှတ်မပေး....
တစ်စထက်တစ်စ ဝဲသီလာသော မျက်ရည်စတွေ...
ပါးပြင်ပေါ် တလိမ့်လိမ့်သက်ဆင်းလာသည်။''''ဟင့်....ဟင့်....''''
''''ချာတိတ်....ငိုနေတာလား''''
ချာတိတ်ရဲ့ငိုရှိုက်သံလေးကိုကြားလိုက်ရလို့
ဖက်ထားသည့်လက်တွေကိုဖယ်လိုက်ကာ
စိုးရိမ်တကြီးဖြင့် မျက်နှာလေးအား
ထင် ကြည့်လိုက်တော့ မျက်ရည်တွေ
စိုရွှဲနေသည့် မျက်လုံးဝိုင်းလေးတွေ
မျက်တောင်ရှည်ရှည်လေးတွေကို
တဖြတ်ဖြတ်ခတ်လျက်.......
................ သူ့ကိုငေးကြည့်နေရင်း
ငိုရှိုက်နေသည်.....သူ့ရင်တွေပူလောင်လာပြီး
ချာတိတ်ပခုံးလေးကို အသာကိုင်ကာ
မျက်လုံးချင်းစိုက်ကြည့်လိုက်သည်။