Part - 3

1.6K 33 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ရပါစေ💞

[ အပိုင်း - ၃ ]

""မောင်.....""

အိမ်ထဲမှ ဦးမင်းညထင် နှင့် အဘွားတစ်ယောက်
ထွက်လာသဖြင့် ထိုမိန်းမမျက်နှာအံ့သြမှုတွေ
ပေါ်လာပြီး တောင်းပန်သောအကြည့်ဖြင့်
အဘွားကိုကြည့်နေသော်လည်း အဘွားက
အေးစက်တင်းမာနေတာကို ဘုံ သတိထားမိသည်။

""ဘုံကြိုးမျှင်.....မင်းပြန်တော့""

""ဟုတ်ကဲ့.....ဥက္ကဋ္ဌ....""

ခပ်သွပ်သွပ် သူတိုရှေ့မှထွက်လာခဲ့လိုက်သည်။
နောက်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာတော့ဘုံ
မသိတော့ သူမနှင့်လည်းမဆိုင်။
သူဋ္ဌေးကိစ္စတွေကသူမနှင့်လားလားမျှ
မသက်ဆိုင်တဲ့အရာ.....သိလည်းမသိချင်ပါ။

""ဧကရီသျှင် မင်းဘာလာလုပ်တာလဲ""

အေးစက်တင်းမာနေသောဒေါ်မိုးမခ၏အသံက
ဧကရီသျှင်ကိုမလိုလားစွာထွက်ပေါ်လာသည့်အသံ
ခက်ထန်နေသောမျက်နှာနဲ့အတူ ဧကရီသျှင်ကို
ကြည့်လိုက်ပြီး

""သျှင် မောင့်ကိုလာတွေ့တာပါအဘွား""

ဒေါ်မိုးမခ ဧကရီသျှင်ကို နည်းနည်းမှ
သဘောမကျပေ။အေးစက်စက်စကားလုံးတွေ
ပဲ ပြောဆိုဆက်ဆံတယ်........ဖော်ဖော်ရွေရွေ
ဆက်ဆံဖို့ဆိုတာ အဝေးကြီး
ဘုံ လေးနဲ့အမြန်ဆုံးလက်ထပ်ပေးရမယ်
ဧကရီသျှင်.......မင်းလက်ထဲကိုငါ့မြေးကို
ထည့်မယ်မထင်နဲ့.........

""မောင့်ကို သျှင် အရေးတကြီးပြောစရာရှိတယ်
ခဏလိုက်ခဲ့ပါ""

""ဧကရီသျှင် မင်းငါ့မြေးကိုဘာပြောဖို့လဲဆိုတာ
ငါသိတယ် ငါအခုပဲပြောလိုက်မယ်
ထင်ကိုငါသဘောကျတဲ့မိန်းကလေးနှင့်
လက်ထပ်ပေးတော့မယ်""

""သျှင်ကမောင့်ချစ်သူနော် အဘွား!""

မောင့်ကိုတခြားသူလက်ထဲ သျှင်
ထည့်မပေးနိုင်.......မောင့်ကိုသျှင်
ပိုင်ဆိုင်ချင်တယ် မောင့်ဘဝမူပိုင်ရှင်က
သျှင်သာဖြစ်ရမယ် မရရအောင် ကြိုးစားပြီး
မောင့်ချစ်သူကောင်မလေးနေရာကိုရခဲ့သည်
ဒါပေမယ့်လည်း မောင်က သျှင်ကိုမချစ်ဘူးလို့
ခံစားနေရဆဲ......လက်ထပ်ပြီးရင်တော့
ချစ်လာနိုင်ပါရဲ့ဆိုပြီးသျှင်အားတင်းထားခဲ့သည်။
အခုတော့ တခြားမိန်းကလေးနှင့်လက်ထပ်ဖို့
အဘွားကစီစဥ်ပေးတာသိသိချင်းချင်းမောင့်
ဆီကိုချက်ချင်းလာခဲ့သည်။

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Hikayelerin yaşadığı yer. Şimdi keşfedin