💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
အပိုင်း- ၄၆(ဇာတ်သိမ်းပိုင်း)
''''အဘွား....သက်သာရဲ့လားဟင်
ဘုံ တောင်းပန်ပါတယ်...ဘုံကြောင့်
အဘွားအခုလိုဖြစ်ရတာပါ....
ခွှင့်လွှတ်ပေးပါနော်....အဘွား....''''ကုတင်ဘေးစပ်လေး၌သူမ ထိုင်ကာ
အဘွား၏လက်ကလေးကိုဆုပ်ကိုင်ရင်း
ဘုံ တောင်းပန်မိသည်။မျက်ရည်တွေကလည်း
စီးကျလို့ပေါ့.....''''ဘုံလေးအန္တရာယ်ကင်းတာပဲ အဘွား
ဝမ်းသာပါတယ်ကွယ်....ေဘးကင်းကင်းနှင့်
ပြန်ရောက်လာပေးခဲ့လို့ကျေးဇူးတင်ပါတယ်
မြေးမလေးရယ်.....''''ဒေါ်မိုးမခ....ဘုံလေး၏လက်ကိုဆုပ်ကိုင်၍
ပြုံးရွှင်စွာပြောနေမိသည်။ပီတီမျက်ရည်စတွေက
ဝဲသီနေပြီးမကျမိအောင်ထိန်းထားရင်း
မြေးကြီးရဲ့လက်နှင့်ဘုံလေးလက်ကိုထပ်ပြီး
ဆုပ်ကိုင်လိုက်ပြီး''''ဒီဇနီးမောင်နှံနှစ်ယောက်အသက်ထက်ဆုံး
ပျော်ရွှင်စွာနေထိုင်နိုင်ပြီးတွဲလက်တွေ
မြဲမြံကြပါစေကွယ်....''''''''ကျေးဇူးပါ အဘွား....''''
ထင်ရော ချာတိတ်ပါပြိုင်တူပြောရင်း
အဘွားကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်သည်။''''မနက်ဖြန်ကျရင်....ရုပ်ပျိုရွယ်ဆီကို
အဘွား သွားချင်တယ်မြေးကြီး
သူကဘာလို့အခုလိုတွေလုပ်ရတာလဲဆိုတာ
အဘွား သိချင်တယ်''''''''ကျွန်တော်လိုက်ပို့ပေးပါ့မယ် အဘွား
အခုတော့အေးဆေးအနားယူလိုက်ပါအုံးနော်''''အဘွားကို ထင် အနားယူခိုင်းလိုက်ပြီး
ချာတိတ်နှင့်အတူအခန်းထဲမှထွက်လာခဲ့သည်။''''ကိုကို....''''
°°ကိုကို°°ဟု ခေါ်ကာထင်ကို ပြေးလာပြီး
ဖက်လာသည့်လရိပ်ကိုထင် ပြန်လည်
ဖက်ထားလိုက်သည်။လရိပ် ကိုကို့ ကို
ပြန်တွေ့ရတော့အရမ်းပျော်နေမိပြီး
အချိန်တော်ကြာထိ ဖက်ထားမိသည်။''''လရိပ်....ကိုယ်အသက်ရှုကြပ်လာပြီ''''
''''sorryပါ ကိုကို....ကျွန်တော်အရမ်း
ပျော်သွားလို့ပါ.....ကိုကို အနားယူတော့လေ
ကျွန်တော်ပဲအဘွားကိုဆေးတိုက်ဖို့
လုပ်လိုက်ပါ့မယ်''''