Part - 5

1.4K 23 0
                                    

💕ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💕

*******🍬အပိုင်း - [ ၅ ] 🍬*****

''''ဦးမင်းညထင်''''

''''မင်း အဆင်ပြေရဲ့လား ဘုံကြိုးမျှင်''''

''''အားးးးး.....သေပါပြီ''''

လဲကျနေသော ဘုံကြိုးမျှင် အားလှမ်းမေးရင်း
ပြေးဝင်လာသော သူကို ထင် ခြေဖြင့်ကန်လိုက်ရာ
နောက်သို့လန်ကျသွားသည်။
နာလွန်းတာကြောင့် အော်နေတော့သည်။
ထပ်ထလာသော နောက်တစ်ယောက်က
ထင်အား ထိုးလာသောလက်သီးကိုအသာ
ရှောင်တိမ်းရင်း လက်ကိုဖမ်းဆုပ်ကာ
တွန်းချလိုက်သည်။အခု အားလုံးဒဏ်ရာကိုယ်စီဖြင့်
တစ်ယောက်မှ မထနိုင်ပေ။
အားလုံးမထနိုင်ခါကျမှ သူမအနားသွားလိုက်ပြီး

''''လမ်းလျှောက်နိုင်ရဲ့လား''''

''''ဟို......ကျွန်မ''''

''''အမလေး!'''

ဘုံ စကားမဆုံးမီရုတ်တရက် ပွေ့ချီခံလိုက်ရတာ
ကြောင့် ထိတ်လန့်စွာဖြင့် ဘုံ အော်မိသည်။
ပြုတ်ကျမည်စိုးတာကြောင့် သူ့လည်တိုင်ကြီးကို
တင်းကျပ်စွာဖက်ထားမိရင်း အလန့်တကြား
ဖြစ်သွားလို့ ဘုံ မျက်နှာထားတင်းတင်းဖြင့်
ရန်တွေ့မိသည်။

''''ရှင်.....ကျွန်မကိုလန့်ပြီးသေအောင်လုပ်နေတာလား
ဦးမင်းညထင်''''

''''ကိုယ်မရည်ရွယ်ပါဘူး ဘုံကြိုးမျှင်''''

အခုမှ သေဘေးကသီသီလေးလွတ်လာတာ
ဘုံ ကြောက်စိတ်တွေမပြယ်သေး။
ဦးမင်းညထင် သာရောက်မလာခဲ့ရင်
ဘုံ ဘဝမတွေးဝံ့စရာပါ။
နေပါအုံး........
သူက.....ဘယ်လိုရောက်လာတာလဲ?
ဒီရပ်ကွက်ထဲကိုလာစရာအကြောင်းမှမရှိတာ
မဟုတ်မှလွဲရော သူ့......ကိုအထင်ကြီးအောင်လို့
တမင် ဇာတ်လမ်းဆင်တာများလား....?
အဲ့လူတွေကို သူခိုင်းတာပဲနေမှာ
ဟင်း......တွေ့ကြသေးတာပေါ့
ဦးမင်းညထင်ရယ်......

''''ရှင် ကျွန်မအထင်ကြီးအောင်ကယ်တင်ရှင်
လုပ်ပြနေတာမလား.......အဲ့လူတွေကို ရှင်ခိုင်းပြီး
ကျွန်မအန္တရယ်ကျရောက်နေတုန်း အချိန်ကွက်တိ
ကျအောင် တမင်လုပ်ပြနေတာပေါ့
ဟုတ်တယ်မလား......ဦးမင်းညထင်''''

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now