💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
👑🎀[ အပိုင်း - ၁၂ ]🎀👑''''ချာတိတ်''''
အသံတည်တည်အေးအေးလေးကြောင့် ဘုံ
ငုံ့ထားသည့်ခေါင်းကိုမော့ကြည့်လိုက်တဲ့အခါ''''ဦးသျှန်''''
သူ့ကို မြင်သည်နှင့် ခေါင်းလေး ပြန်ငုံ့သွားသော
ချာတိတ်ကြောင့်ထင် သူမအနားအမြန်
ပြေးသွားလိုက်ဖို့ ကြံ့ရွယ်နေတုန်း
ချာတိတ် လည်ပင်းအားဓားဖြင့်
ထောက်လိုက်တဲ့လက်တစ်စုံ
သူကတော့ ဧကရီသျှင်....
ယုတ်မာကောက်ကျစ်လှတဲ့
ဧကရီသျှင်....အရင်တုန်းကစိတ်အတိုင်းဆို
သူ ထိုလူကိုသတ်မိလောက်မယ်အခုက
ချာတိတ် ကြောင့်''''ဘယ်လိုလဲ ဦးမင်းညထင်....ကျွန်မ၏
တရားဝင်ခင်ပွန်းဖြစ်ဖို့အဆင်သင့်ပဲလား''''**ဟင့်အင်း....ဦးသျှန်....လက်မခံရဘူး....**
ဘုံ ဦးသျှန်အား လက်မခံပါနဲ့ ဆိုတဲ့
အကြည့်နဲ့ကြည့်နေမိသည်။မျက်ဝန်းအိမ်မှ
ဝဲတက်လာသော မျက်ရည်စတွေက
အထိန်းအကွပ်မဲ့ ကျဆင်းလာသည်။ထင် ကို မျက်ရည်တွေပြည့်ဝိုင်းနေသည့်
မျက်ဝန်းလေးဖြင့်စိုက်ကြည့်နေသည့် ချာတိတ်
သူ့ကိုလက်မခံနဲ့ လို့ပြောချင်မှန်းသူသိတာပေါ့
ဒါပေမယ့် ချာတိတ်ကိုပျော်ရွှင်စွာဖြင့်
ဘဝကိုဖြတ်သန်းနေရတာလေးကို
သူမြင်ချင်သေးတယ်ပန်းနုနုလေးအား
ခူးဆွတ်ပိုင်ဆိုင်ခွင့် မရခဲ့ပေမယ့် ထိုပန်းကလေး
နေရောင်ခြည်လုံလုံလောက်လောက်ဖြင့်
ပန်းများအလယ်မှာဂုဏ်ယူဝင့်ကြွားစွာ
ပွင့်လန်းနိုင်စေချင်သည်။ဒါက
❤သူ၏ချစ်ရသူအပေါ်လုပ်ပေးနိုင်သည့်
တစ်ခုတည်းသော......အရာ ❤''''OK....ဧကရီသျှင်''''
ထင် တို့ သုံးယောက်လုံး ထိုင်ခုံတွင်ဝင်
လိုက်ပြီး ဧကရီသျှင်ကလည်းချာတိတ်၏
လည်ပင်းမှဓားကို ဖယ်ပေးလိုက်မှ
သူစိတ်အေးရသည်။''''မဏိစစ်.....လက်ထပ်စာချုပ်ယူလာခဲ့''''
ဧကရီသျှင် ၏ဘေးနားမှအသက်၂၀အရွယ်
ကောင်လေးတစ်ယောက်ကအပေါ်ထပ်ဆီသို့
တက်သွားသည်။ခဏအကြာ အိမ်ပေါ်ထပ်မှ
အနီရောင်စာချုပ်နှစ်ခုအားယူလာသည့်
ကောင်လေးက....ထင် တို့ရှေ့ရှိစားပွဲပေါ်ကို
ထိုစာချုပ်များအား တင်လိုက်သည်။