💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🥀အပိုင်း - ၄၄🥀
ဘုံ ခွေးလေးနှင့်ကစားတာဝတော့ခွေးဖြူလေးအား
လှောင်အိမ်လေးထဲတွင်ထည့်ကာစံအိမ်ထဲ
ပြန်လာခဲ့သည်။''''မိဇွန်....ဦးရော...''''
''''အခန်းထဲမှာထင်တယ် မမလေး အကိုလေးက
မျက်နှာသိပ်မလန်းဘူးနေမကောင်းများ
ဖြစ်နေသလား''''မိဇွန် စကားဆုံးတော့ဘုံကလှေကားတစ်ဝက်
ရောက်နေပြီ။မြန်ဆန်လှသောခြေလှမ်းတွေဖြင့်
ဘုံ အခန်းဆီသို့ပြေးတက်လာခဲ့ကာ
တံခါးကိုငြင်သာစွာဖွင့်ပြီးအခန်းထဲကို
ကြည့်လိုက်တော့ မြင်လိုက်ရသည့်
မြင်ကွင်းကြောင့်နှလုံးသားတစ်ခုလုံး
နင်းခြေဖျက်စီးသလိုခံစားရသည်။သူမတို့၏မဂ်လာကုတင်ထက်တွင်
ဦးကိုတင်းကျပ်စွာဖက်ပြီးအိပ်စက်နေသော
အမျိုးသမီးတစ်ယောက်....သူမသာ
နားခိုတဲ့ဦးရဲ့လက်မောင်းကို
ခေါင်းအုံးပြီးဖရိုမရဲဖြစ်နေသည့်
အဝတ်အစားတွေ.....ပြီးတော့
ကြယ်စေ့အနည်းငယ်ပြုတ်နေသော
ဦးရဲ့အကျီ......ခဏတာမြင်ခဲ့ရပေမယ့်ထိုမြင်ကွင်းက
သူမရဲ့မျက်လုံးထဲကြိမ်ဖန်များစွာ
ဝင်ရောက်လာကာနှလုံးသားက
တဆစ်ဆစ်နာကျင်လာပြီး
နှုတ်ခမ်းဖူးဖူးလေးကိုအံကြိတ်
ကိုက်ထားမိသည်။
တခြားသူပြောရင်တောင် ဘုံ
ယုံချင်မှယုံလိမ့်မည်။အခုက
သူမကိုယ်တိုင်တွေ့မြင်ခဲ့ရတာတံခါးကိုပြန်ပိတ်ပြီးအောက်ထပ်ကို
မျက်ရည်တွေစိုရွှဲလျက်ဆင်းလာခဲ့ကာ
သူမဦးတည်ရာက စံအိမ်ကနေ
ထွက်သွားဖို့ပါပဲ.....မျက်ရည်တွေက
အဆက်မပြတ်စီးဆင်းနေသောမြစ်လိုပဲ
မရပ်တန့်တော့.....လက်ချောင်းလေးတွေဖြင့်
ခပ်ကြမ်းကြမ်းသုတ်ပစ်၍စံအိမ်မှ
မည်သူကမှသတိမထားချိန် သူမထွက်လာခဲ့သည်။
.
.
.
ဘုံထွက်ခွာသွားတာကိုတစ်ယောက်ေယာက်က
ကောက်ကျစ်စဥ်းလဲစွာဖြင့် ပြုံးရယ်စွာ
ကြည့်နေလေသည်။သူမကတော့ အန်နီရှိုင်းပင်။ခြေလှမ်းတွေဟာ လေးလံလျက်
ဦးတည်ရာမရှိ လမ်းမကြီးထက်
လျှောက်သွားရင်း ကောင်းကင်၌
ပျံဝဲနေသောငှက်လေးတွေ၊လမ်းတစ်လျှောက်
ပွင့်လန်းနေတဲ့ပန်းတွေကိုကြည့်ကာ
သူမ ပိုပြီးဝမ်းနည်းကြေကွဲလာသည်။