💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🥀 အပိုင်း - ၄၁🥀
''''အင့်....''''
ရင်ခွင်ထဲတွင်တလှုပ်လှုပ်နှင့်လူးလှိမ့်နေကာ
ထင် ကိုလက်သေးသေးလေးတွေဖြင့်
တင်းနေအောင်ဖက်ထားပြီးပြန်ဆက်အိပ်နေသော
ချာတိတ်......လွန်ခဲ့တဲ့နာရီဝက်က
သူမ မဟုတ်တဲ့အတိုင်းပါ.....ယုန်ပေါက်မလေး၏
ပါးမို့မို့လေးကို ဖဲ့ရင်း.....တိုးရှသည့်
အသံလေးဖြင့်''''ချစ်တယ်....ချာတိတ်ရယ်.....''''
''''ပိုချစ်တယ်....ဦး''''
''''ဟာ.....''''
ရင်ခွင်ထဲကအသံကြောင့် ငုံ့ကြည့်လိုက်သည့်အခါ
ထင့်ကို ပြုံးပြပြီးကြည့်နေတဲ့ ချာတိတ်
နှာခေါင်းလုံးလုံးလေးအား လက်ညိုးဖြင့်
ချစ်မြတ်နိုးစွာ ပွတ်လိုက်ပြီး
ချာတိတ်ကို ကြည့်၍''''ချာတိတ်..... နိုးတာကြာပြီလား''''
''''ဟီးး....ဦး ချာတိတ်ကိုပွေ့ကတည်းက
နိုးနေတာ....''''''''ဒါဆို ကိုယ်ပြောတာတွေအကုန်ကြားတယ်ပေါ့
ဟုတ်လား......ချာတိတ်''''''''အင်း''''
''''ဘာလို့အိပ်ပျော်ချင်ယောင်ဆောင်တာလဲ
ဟင်.....မှန်မှန်ပြောနော်.....''''မျက်လုံးလေးပေကလပ်လပ်နှင့်တစ်ခုခုကို
ပြောဖို့စဥ်းစားနေဟန်ရှိပြီး ထင် အား
စိုက်ကြည့်နေသည်။ပြီးမှခေါင်းတလှုပ်လှုပ်နဲ့''''ဦး....ဘာဆက်ပြောမလဲသိချင်လို့''''
ချာတိတ်၏အဖြေစကားကြောင့် သူပိုပြီး
ပြုံးမိသွားကာ ခန္ဓာကိုယ်သေးသေးလေးကို
တိုး၍ဖက်လိုက်သည်။ဆံနွယ်စလေးတွေအား
နမ်းရှိုက်ရင်း နဖူးပေါ်ဝဲကျနေသည့်ဆံပင်တွေကို
နားနောက်သို့သပ်တင်ပေးလိုက်၏။
ပါးဖောင်းဖောင်းလေးကိုကိုင်၍
ပန်းနုရောင်နှုတ်ခမ်းအား ထိတွေ့ရင်း''''လူလည်မလေး...ကိုယ်ပြောတာတွေ
အကုန်လုံးကအမှန်တွေချည်းပါ
လိမ်ညာထားတာတစ်ခုမှမပါဘူး
ချာတိတ်ကိုပဲ နှလုံးသားက
အမြဲချစ်နေမှာ ဘယ်တော့မှတွဲလက်
မဖြုတ်ဘူးဆိုတာ ချာတိတ် ယုံနော်''''
