Part - 36

719 17 0
                                    

💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစ💞

                     🎇အပိုင်း- ၃၆🎇

သာယာလှသည့် မနက်ခင်းအချိန်အခါလေး။
လေနုနုအေးအေးလေးကခန်းစီးစတွေအား
လွင့်ပြန့်လျက်။ကျေးငှက်တွန်ကြူးသံလေးတွေက
တိတ်ဆိတ်နေသော စံအိမ်ကြီးတွင်ပျံ့လွင့်နေပြီး
ဧည့်ခန်းထဲတွင် လူတစ်စုထိုင်နေကြသည်။

ထိုလူအများစုတွေထဲမှ အသက်၂၈အရွယ်
ေယာက်ျားလေးတစ်ယောက်ဟာ
တစ်စုံတစ်ယောက်ကိုလည်တဆန့်ဆန့်နဲ့
မျှော်နေဟန်ရှိသည်။
နေသခင် စံအိမ်ကြီးမှာဒီနေ့က
နေ့ထူးနေ့မြတ်တစ်ခုပင်ဖြစ်သည်။
အိမ်တော်ရဲ့ဆက်ခံသူတစ်ဦးဖြစ်သည့်
သခင်လေး မင်းညထင်လက်ထပ်တော့မည်
ဖြစ်တာကြောင့် အားလုံးကပျှော်ရွှင်နေကြသည်။

ထိုအထဲမှာတော့ ဒေါ်မိုးမခဟာအပျော်ဆုံး
ဖြစ်နေပါလိမ့်မည်.....သူမရဲ့ဆန္ဒလေး
နောက်ဆုံးတော့အကောင်အထည်ပေါ်လာခဲ့လို့
အတိုင်းမသိဝမ်းသာနေမိတယ်မျက်နှာထက်
အပြုံးပန်းတွေဝေဆာနေကာမြေးဖြစ်သူကို
ကြည့်နေမိသည်။

''''မိဇွန်...နင့်မမလေးကဆင်းမလာသေးဘူးလား''''

ထင် ချာတိတ်ကိုအရမ်းတွေ့ချင်နေလေပြီ။
မျှော်ရလွန်းလို့သစ်ကုလားအုတ်ဖြစ်တော့မယ်
ဒီနေ့ကချာတိတ်နှင့်သူတရားရုံးမှာလက်မှတ်ထိုးကြပြီး
နှစ်ဖက်မိဘတွေကိုကန်တော့ကြမှာဖြစ်ကာ
အခုအချိန်အထိ အိမ်ပေါ်ထပ်မှဆင်းမလာသေးတဲ့
ချာတိတ်ကြောင့် သူ ထလမ်းလျှောက်လိုက်၊
ထိုင်လိုက်နဲ့ ကြံရာမရဖြစ်နေလေသည်။

''''မမလေး ဆင်းလာပြီ အကိုလေး''''

အနားတွင်ရပ်နေသည့်မိဇွန်စကားကြောင့်
ထင် လှည့်ကြည့်လိုက်တော့အဖြူရောင်ပိုးသား
မြန်မာဝမ်းဆက်လေးနှင့်သူမကို အချိန်ကြာမြင့်စွာ
ငေးကြည့်မိနေတော့သည်။

ပါးပြင်နုနုလေးထက်
သနပ်ခါးပါးကွက်လေးကနေရာယူနေသလို
ဆံပင်ဝါလေးအားထုံးဖဲွဲ့ထားပြီး
နှင်းဆီပန်းနီတစ်ပွင့်ကိုလည်းပန်ဆင်ထားလို့
ချာတိတ်ကနန်းဆန်ကာချစ်စရာကောင်းသည်။

''''ဘုံ နင့်သတိုးသားလောင်းကြီးကတော်တော်
ကြည့်နေတာပဲ......နင့်အလှမှာမျောသွားတာဖြစ်မယ်
ခစ်....ခစ်....''''

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now