💞ဦး 💗နှလုံးသား💗 အား ပိုင်ဆိုင်ပါရစေ💞
🍑🎁 အပိုင်း - ၂၆ 🎀💌
''''ဟင်....ငါ ဘယ်ရောက်နေတာပါလိမ့်''''
မျက်လုံးဖွင့်တာနှင့်မြင်လိုက်ရတဲ့နေရာကြောင့်
ဘုံ အံ့သြစွာဖြင့် ဘေးနားတွေကိုကြည့်လိုက်တော့
တစ်ခါမှ မရောက်ဖူးတဲ့နေရာတစ်ခု
တောက်ပြောင်နေသည့်အခန်းထဲမှပစ္စည်းတွေကို
ကြည့်ခြင်းအားဖြင့် ဒီနေရာကလူချမ်းသာတွေ
ပိုင်တယ်ဆိုတာ ဘုံ ရိပ်မိပါတယ်.....လေနှင်ရာလွှင့်ပြန့်နေသည့်အဖြူရောင်ခန်းဆီးစတွေ
သူမ ချက်ချင်းပင် နူးညံ့အိစက်နေသည့်မွေ့ရာပေါ်မှ
ထလိုက်ပြီးအရှေ့ဘက်ဆီသို့ကြည့်လိုက်တော့မှန်တွေ
ကာထားတာမို့အပြင်ဘက်ကအရာတွေကို
သူမတွေ့မြင်ရသည်။သူမခရီးဆောင်အိတ်ကိုတော့
ရှာမတွေ့ပေ....သူမရဲ့အိတ်ဖြူလေးရောပါ...
ဖုန်းကလည်း အိတ်ထဲမှာထည့်ထားတာ
ကိုကို ဆီလည်းဖုန်းဆက်မရတော့.....မြင်တွေ့ရတာတွေက
မရင်နှီးတဲ့နေရာတွေချည်း....
အကြောင်းအရာတွေကို
ပြန်စဥ်စားကြည့်လိုက်တဲ့အခါ
ကားပေါ်တက်ပြီး သူမ သတိမေ့သွားခဲ့တာ
အခုထိခေါင်းတွေကိုက်နေတုန်း ဘယ်သူက
ဘုံကို ခေါ်လာတာလဲ.....ဘယ်သူလဲပတ်ဝန်းကျင်ကလည်း
တိတ်ဆိတ်နေပြီး အခန်းတံခါးကိုသူမဖွင့်ဖို့
ကြိုးစားလိုက်သည်။ဒါပေမယ့် ဖွင့်မရတာကြောင့်
လက်ဝါးနုနုလေးတွေဖြင့် တံခါးကိုထုကာ''''ဒုန်း!....''''
''''အပြင်ဘက်မှာ ဘယ်သူရှိလဲ ဘုံကို တံခါးလေး
ဖွင့်ပေးပါနော်....တောင်းပန်ပါတယ်....''''အကြိမ်ပေါင်းများစွာ သူမခေါ်တယ်....တုံ့ပြန်သံ
တစ်ခွန်းမှ ပေါ်ထွက်မလာခဲ့ပေ။
သူမအသံမှလွဲ၍တခြားဘာသံမှမကြားရ....
တိတ်ဆိတ်နေသည်။အကျဥ်းချခံထားရတာလား
ဘယ်သူလဲ....ဘုံ ကိုဘာလို့လုပ်ရတာလဲ
မျက်ရည်ကြည်ဉလေးတွေက ပါးပြင်မှ
စီးကျလာသည်။ငိုရှိုက်ရင်းအခန်းဝတွင် ကျုံ့ကျုံ့လေး
ထိုင်ပြီး တစ်ယောက်ယောက်ကိုမျှော်နေမိသည်။
အချိန်တွေသာ တရွေ့ရွေ့ကုန်ဆုံးသွားလို့
ညနေဘက်တောင်ရောက်လာလေပြီ
အခုအချိန်အထိ မည်သူမှ ပေါ်မလာသေး။