Part - 2

1.8K 34 0
                                    

💞ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

***[ အပိုင်း - ၂ ] ***

""ဘုံရေ.....ဘုံ......""

""မမသက်......ဝင်လာခဲ့ ဘုံ ရှိတယ်""

မမသက်က ဘုံနှင့် အတူ[Sunကုန်တိုက်]မှာအလုပ်
အတူလုပ်သူ သူမကအလုပ်ဝင်တာ၄လပဲရှိသေးပြီး
မမသက်ကတော့ လုပ်သက်ကြာပြီဖြစ်သည်။
ဒီနေ့က ဖေဖေဆေးခန်းပြရက်မို့အလုပ်ကို
ခွင့်ယူထားခြင်းပင်။မီးဖိုချောင်၌ချက်ပြုတ်နေတုန်း
မမသက်လာတာကြောင့် လုပ်လက်စအလုပ်တွေကို
ရပ်ကာ အိမ်ရှေ့သို့ထွက်လာခဲ့သည်။

ဘုံ တို့အိမ်က တစ်ထပ်တိုက်လုံးချင်းလေးပါ
ဖေဖေက အေးချမ်းတိတ်ဆိတ်စွာနေရတာ
နှစ်သက်သဖြင့် ဒီတိုက်လုံးချင်းလေးကို
မရမကငွေရှာကာ ဆက်ငှားခဲ့သည်။
အလုပ်မရခင်က ငွေအခက်အခဲအမျိုးမျိုးကို
ဘုံ ကြုံခဲ့ရသည်။သို့ပေမယ့် အခုအလုပ်
အတည်တကျ​လေးရှိပြီဆိုတော့ သားအဖ
နှစ်ယောက်ဘဝ အေးအေးလူလူ နေနိုင်ပါပြီ

""မမသက်.....အလုပ်ကိစ္စရှိလို့လား""

""မဟုတ်ဘူး.....ဘုံ သူဋ္ဌေးမကြီးကဘုံကို
တွေ့ချင်လို့ မမသက်လာခေါ်တာ""

""သူဋ္ဌေးမကြီးကဘယ်သူလဲမမသက် ဘုံမသိဘူး""

ဘုံ အမေးကိုမဖြေပဲပြုံးပြနေသောမမသက်
ကြောင့်ဘုံ ဘာပြောရမှန်းမသိဖြစ်သွားပြီး
ခဏအကြာမှ

""သူဋ္ဌေးမကြီးဆိုတာက ဘုံအခုအလုပ်လုပ်နေတဲ့
Sunကုန်တိုက်သူဌေးရဲ့အဘွား""

""ရှင်""

""ဟုတ်တယ်.....သူဋ္ဌေးမကြီးကိုယ်တိုင်မမကို
လာတွေ့ပြီးဘုံနဲ့တွေ့ပေးဖို့ လာပြောတာ""

""သူဋ္ဌေးမကြီးက ဘုံကိုဘာလို့တွေ့ချင်ရတာလဲ
မမသက် ဘုံ အလုပ်မှာခွင့်မလွှတ်နိုင်လောက်တဲ့
အပြစ်လုပ်မိလို့ အလုပ်ထုတ်ပစ်မှာကိုပြောမလို့လားဟင်
ဘုံ ကြောက်တယ်မမ အခုမှအစမ်းခန့်ကာလပြီးရုံပဲရှိသေးတာအမှားကလုပ်မိပြီ""

ကြောက်ရွံ့စိုးထိတ်ကာ စကားတွေအများကြီး
ပြောနေသော ဘုံကိုမမသက်ကဘာမှမပြော။
ပြုံးပြုံးကြီးကြည့်နေတာမို့ ဘုံမမသက်ကို

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now