💞ဦး 💙နှလုံးသား💙အား ပိုင်ဆိုင်ပါရစေ💞
🍭💧💧[ အပိုင်း - ၇ ] 💧💧🍭
''''အွန့်.....''''
ထင် ကားကိုလမ်းဘေးတစ်နေရာရပ်ချလိုက်ပြီး
စကားတွေအများကြီးပြောနေသော ထိုကောင်မလေး
ခေါင်းကိုလက်နှစ်ဖက်ဖြင့်ညှပ်ကိုင်ရင်း ပန်းဆီရောင်
နှုတ်ခမ်းလေးအား စကားဆက်မပြောနိုင်အောင်
ပိတ်ပစ်လိုက်သည်။''''အင့်.....အင်.....''''
ဘုံ နှုတ်ခမ်းလေးအား ကြမ်းတမ်းစွာနမ်းရှိုက်နေတဲ့
သူ့လက်ထဲက ဘုံ အတင်းရုန်းနေသော်လည်းမရတာ
ကြောင့် နှုတ်ခမ်းလေးအား အတင်းစေ့ပိတ်ထားမိသည်။''''အဟက်....''''
မျက်နှာထက် မထီပြုံးပြုံးကာ
နှုတ်ခမ်းအား တင်းတင်းစေ့ထားတာကြောင့်
ထင် သူမကိုလွှတ်ပေးလိုက်ပြီး ပါးဖောင်းဖောင်းလေးကို
လက်ဖြင့် ဖျတ်ညစ်လိုက်တော့ စူထော်လာသော
နှုတ်ခမ်းထူထူအိအိလေးကို ထပ်မံနမ်းရှိုက်မိသည်။ကျားလက်ထဲက ယုန်သူငယ်လေးလို
အတင်းရုန်းကန်နေသော သူမအားပိုလိုပင်ကြမ်းမိ
နေသည်။ချိုမြန်နုဖက်နေတဲ့နှုတ်ခမ်းဖူးဖူးလေးအား
အချိန်ကြာမြင့်စွာ စားသုံးရင်း လွှတ်မပေးချင်
လောက်အောင်စွဲစေနိုင်တဲ့ နှုတ်ခမ်းလေး......
၂မိနစ်ခန့်အကြာလောက်မှာ ထင် လွှတ်ပေးလိုက်သည်။''''ရှင်.....ရှင်....ဘာလုပ်တာလဲ....''''
ဘုံ အားလွှတ်ပေးတာနဲ့တပြိုင်နက်
သူမခွင့်ပြုချက်မရှိဘဲနဲ့ နှင်းဆီနှုတ်ခမ်းဖူးဖူးလေးကို
ကြမ်းကြမ်းတမ်းတမ်းနမ်းရှိုက်တဲ့သူ့အား
မကျေနပ်ချက်တွေများစွာဖြင့်ဒေါသတွေ
တလိပ်လိပ်တက်လာကာ ပူရှိန်းနေတဲ့
နှုတ်ခမ်းကို လက်ခုံဖြင့် အကြမ်းပတမ်း
သုတ်ပစ်လိုက်သည်။ဘုံ....ဒေါသလည်းထွက် စိတ်ကလည်းတိုဖြင့်
မျက်နှာကအလိုမကျမှုတွေဖြင့် ပြည့်နေသည်။
ဒေါသထွက်လွန်းလို့ သွားချွန်ချွန်လေးတွေဖြင့်
အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်အထိ.....
ထို့နောက်....မျက်နှာတင်းတင်းဖြင့်''''ခင်ဗျား....''''
ဆက်ပြောဖို့ ကြံရွှယ်နေစဥ်မှာပဲသူမနှုတ်ခမ်းထက်
ကျရောက်လာတဲ့ ဦးမင်းညထင်၏ လက်ညှိုးကြောင့်
စကားသံတိတ်သွားရသည်။