Part - 40

732 13 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

                    🔥အပိုင်း - ၄၀🔥

''''ချာတိတ်!!''''

ထင်....အပေါ်ထပ်သို့မြန်မြန်ပြေးတက်သွားပြီး
အခန်းထဲလှမ်းဝင်ဖို့ပြင်နေသည့် ချာတိတ်ကို
နောက်ဖက်ကနေ သိုင်းဖက်လိုက်သည်။
သူ ခါးကိုတင်းကျပ်စွာဖက်လိုက်ပြီး
ချာတိတ်ဆီကစကားသံကို နားစွင့်နေမိတယ်

''''မေမေဆီဖုန်းဆက်ချင်လို့....ဘုံ အပေါ်ထပ်ကို
တက်လာခဲ့တာပါ....ပြီးတော့ ခေါင်းလည်း
နည်းနည်းကိုက်နေတာမို်ပါ''''

''''ကိုယ်ဆရာဝန်ခေါ်ပေးမယ်....''''

''''ရပါတယ်....ဦး....အနားယူလိုက်ရင်
ေကာင်းသွားမှာပါ''''

ဘုံလည်း အားတင်းပြီးဦးကိုစကားပြန်ပြောကာ
ခါးထက်ကလက်တွေအားဖယ်ထုတ်လိုက်တော့
မျက်ရည်တွေကအတားအဆီးမဲ့စွာ ပါးပြင်ပေါ်
စီးကျလာလို့လက်ခုံလေးဖြင့်အကြမ်းပတမ်း
သုတ်ပစ်၍ အခန်းထဲသို့ဝင်လာခဲ့သည်။

''''ချလောက်''''

ဘုံ....အခန်းထဲသို့ဝင်ပြီးပြီးချင်းတံခါးကို
လော့ချလိုက်ပြီး သူမလည်းအခန်းဝရှေ့တွင်
အရုပ်ကြိုးပြတ်လဲကျသွားသည်။

''''ချာတိတ်....ချာတိတ်....''''

တံခါးကိုလော့ချသွားလို့ ထင် ပိုပြီးစိုးရိမ်လာသည်။
Anni Shineနှင့် သူ့ကို တစ်မျိုးထင်သွားပြီလား
အတွေးတွေမြောက်မြားစွာဖြင့်....ရင်ဘတ်ထဲ
ပူလောင်လာသည်။

''''ဒုန်း!!....ဒုန်း!!''''

''''ချာတိတ်....တံခါးဖွင့်.....ကိုယ်ရှင်းပြမယ်
တံခါးဖွင့်.....ကျေးဇူးပြုပြီး....တံခါးဖွင့်ပေးပါ
ဒုန်း!!.....''''

တံခါးကိုအတင်းထုရိုက်ကာ သူပြောနေပေမယ့်
သူမဆီကစကားတစ်ခွန်းမှပြန်မကြားရ။
အချိန်တော်ကြာ အခန်းရှေ့တွင် ထင်
ရပ်ပြီး တံခါးပွင့်အလာကိုစောင့်နေခဲ့တယ်။
ဒါပေမယ့်လည်း တံခါးကတော့ပွင့်မလာခဲ့။

''''ဘုံ တစ်ယောက်တည်းအေးဆေးနေပါရစေ
ဦး.....ခဏလောက်ဖြစ်ဖြစ်ဘုံကို လွှတ်ထားပေးပါ့လား
ဘုံ တောင်းဆိုတာပါ''''

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now