💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🍒🤍[ အပိုင်း - ၂၅] 💘☪
ပြာလဲ့နေသည့် ကောင်းကင်ကြီးတွင် တိမ်ဖြူတွေက
ကင်းစင်နေသည်။ငှက်ကလေးတွေ၏တေးသီသံက
အမှန်တကယ်ပင်ချိုမြပေမယ့်မိန်းကလေးငယ်
တစ်ယောက်ရင်ထဲကိုတော့ ထိုးဖောက်နိုင်စွမ်း
မရှိခဲ့။ဒူးနှစ်ဖက်ကိုစု၍ခေါင်းလေးတင်ကာ
အပြင်ဘက်ကို ငေးကြည့်ရင်းမျက်ရည်တွေ
တသွင်သွင်စီးကျနေသူက....🌼 ဘုံ 🌼ဖြောင့်တန်းနေသည့်လမ်းမကြီးထက်
အနက်ရောင်ကားလေးမောင်းထွက်သွားသည့်
အချိန်မှစ၍ ရင်ထဲပူလောင်မှုက
အတိုင်းအဆမဲ့ ဖြစ်ပေါ်လာတယ်
သူမ ကိုယ်တိုင်ကအဝေးကို
နှင်ထုတ်ခဲ့သူကို ဘာလို့များ
အချိန်တိုင်းသတိရနေမိတာလဲ**ဦး.....ဘုံ ကိုမုန်းသွားပြီလားဟင်
ဦး အဆင်ပြေရဲ့လား **စိတ်ထဲတွင် မေးခွန်းများစွာမေးနေမိတယ်
သူမစိတ်က ဦး ကိုပဲစိုးရိမ်ပူပန်နေမိတာ
ဦးမျက်နှာက ဝမ်းနည်းနေတာကို
ဘုံ မြင်ခဲ့ရတယ်.....ဦး အဆင်ပြေတာပဲ
မြင်ချင်ပါတယ်....ဦးရယ်
ဘုံအတွက် ပျော်ပျော်ရွှင်ရွှင်လေးနေပေးပါနော်
ထပ်ပြီးတော့ ကိုယ့်ကိုကိုယ် နာကျင်အောင်မလုပ်ပါနဲ့
ဘုံ လုပ်ပေးနိုင်တာဦးနှင့်အဝေးဆုံးကို
ထွက်သွားဖို့ပါပဲ ဒါမှ ဦးဘဝအေးချမ်းနိုင်မှာ
ဘုံ ကိုမုန်းလိုက်ပါ.....
ထာဝရမုန်းလိုက်ပါတော့ ဦးရယ်''''ဘုံ''''
''''အော်....ချစ်ခြင်း''''
ချစ်ခြင်း၏အသံကြားမှ မျက်ရည်တွေကို
ကမန်းကန်းသုတ်ပစ်လိုက်သည်။လက်ထဲတွင်
အထုတ်တွေဆွဲကာအပြင်မှပြန်လာတဲ့ ချစ်ခြင်း
စားပွဲခုံပေါ်အထုတ်တွေချကာ သူမဆီကို
ရောက်လာသည်။''''နင် အဆင်ပြေရဲ့လား ဘုံ''''
''''ပြေပါတယ်ဟာ....ဘာတွေဝယ်လာတာလဲ''''
ငိုထားလို့ မျက်လုံးတွေကနီရဲနေကာ...
မျက်ခုံးလေးတွေကမို့နေသည်....
ချစ်ခြင်းကို ပြုံးပြပြီး ဘာမှဖြစ်သလို
ဟန်ဆောင်နေသည့် ဘုံ ကိုကြည့်ရင်း
စိတ်မကောင်းဖြစ်မိတယ်......
သူမလည်း ဘာမှမလုပ်ပေးနိုင်။
ဦးမင်းညထင်ကို ဘုံ အရမ်းချစ်မှန်း
သိပေမယ့်လည်း အခုလောက်ထိ
ပြသနာတွေကြီးလာမယ်မှန်း
လုံးဝထင်မထားခဲ့....ဦးမင်းညထင်နှင့်
သိကျွမ်းခဲ့တာက သူမတို့နှစ်ယောက်အတွက်
လုံးဝမကောင်းပါ....ချစ်ခြင်းရော
ဘုံရော နစ်နာခဲ့ရတာချည်း
ဟိုလူကြီးကလည်း ချစ်ခြင်းကို
အမြတ်ထုတ်သွားသေးတယ်
တွေးရင်း တွေးရင်း စိတ်ထဲဒေါသဖြစ်မိသည်။