💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞💫🌟 [ အပိုင်း - ၆ ]🍬🍬🌟
''''ဒိုင်း....''''
''''အမေ့!!''''
ရုတ်တရက်ကြားလိုက်ရသောသေနတ်သံကြောင့်
ဘုံ ကြောက်လန့်စွာဖြင့် သူ့ရင်ခွင်ထဲတိုးဝင်
မိသွားသည်။သူကလည်း ဘုံကိုယ်ကိုရင်ခွင်ထဲ
ဆွဲသွင်းလာပြီး ခေါင်းကို ကိုင်ကာ ငုံ့ထားသည်။
သူမတို့ဆီကို အဆက်မပြတ်ရောက်
ရှိလာသော သေနတ်သံတွေကြောင့် ဘုံခေါင်း
တောင်မဖော်ဝံ့ပေ။ရင်ခုန်သံတွေကတဒိန်းဒိန်းသေနတ်သံကတဒိုင်းဒိုင်းနဲ့
.....ပြိုင်နေကြသလိုပင်။အချိန်တော်ကြာသေနတ်သံက
ရပ်မသွားတော့နှစ်ယောက်သား ကိုယ်ချင်းထိကပ်လျက်
ဘုံ ခန္ဓာကိုယ်ကလည်း သူ့ရင်ခွင်ကျယ်ကြီးထဲ
ရောက်နေတာကိုပင်ကြောက်လန့်နေလို့
ကိုယ်လေးကတသိမ့်သိမ့်တုန်နေတော့သည်။
ဒါကို သိနေသိအလားသူက နား- နားကို
တိုးကပ်လာကာ''''မကြောက်နဲ့နော် ကိုယ်ရှိနေသရွေ့မင်းဘာမှ
မဖြစ်စေရဘူး အသက်နဲ့ရင်းပြီးကာကွယ်ပေးမှာပါ''''ကြောက်လွန်းလို့ ကိုယ်လေးတသိမ့်သိမ့်တုန်နေ
သော သူမအား အားပေးစကားဆိုလိုက်သည်။
ဒီကလေးမက သူနဲ့ပတ်သက်မိပြီးကတည်းက
ပြသနာတွေ တစ်ခုပြီးတစ်ခု ကြုံလာရတာ
တိုက်ဆိုင်မှုတော့ မဖြစ်နိုင်.....ဒီကိစ္စတွေနောက်ကွယ်
မှာ တစ်စုံတစ်ယောက်ရှိနေတာကတော့
အသေအချာပင်။သူ့ရင်ခွင်ထဲ ခန္ဓာကိုယ်သေးသေးလေးက
နစ်မြုပ်နေပြီး ဆံနွယ်စလေးတွေက
ထင် မျက်နှာအား ကျီစယ်နေသည်။
မွှေးကြိုင်နေသော ရနံ့လေးက ထင် နှာခေါင်းထဲ
ရောက်ရှိလာသည်။*ငါ့ရင်ခုန်သံတွေ မြန်နေပါ့လား.......ဒီကလေးမ
ကြောင့်လား......ဟာ......ဘာလို့လဲ သူမကိုဘာလို့
ကိုယ့် ကို ထက် စိုးရိမ်နေမိတာလဲ*''''ဟူး......''''
သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။
သေနတ်သံတွေ ရပ်သွားတာမို့ ထင် အသာလေး
ခေါင်းဖော်ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှာ
ဘယ်သူမှမမြင်တာကြောင့်ကလေးမအား