💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🌸အပိုင်း - ၄၃🌸
''''ဟာ...ဦး''''
ပါးမို့မို့လေးကို နမ်းခံလိုက်ရတော့ ဘုံ
နားတွေရဲတွက်လာကာရှက်သွေးဖြာ
သွားသည်။''''အရမ်းချစ်တယ် ချာတိတ်ရယ်''''
ပြောရင်းဖြင့် ချာတိတ်ကိုပိုတင်းတင်းဖက်ထားပြီး
နဖူးလေးအား အနမ်းခြွေချလိုက်သည်။
စိမ်းလန်းသည့်သစ်ပင်အောက်တွင်
ချစ်သူနှစ်ဦး၏အချစ်မြစ်တွေက
ဘယ်တော့မှမပြတ်နိုင်ပါဘူး....
ရွက်ဟောင်းတွေကြွေ ရွက်သစ်ဝေလည်း
အချစ်သစ်ပင်ကတော့ အမြဲရှင်သန်နေမှာပါ။''''တောက်စ်!!!ဘုံကြိုးမျှင်.....နင့်ကို
မုန်းတယ်....ငါပဲကိုမင်းကိုပိုင်ရမယ်
ကိုမင်းကို မရရအောင်ငါယူပြမယ်
နင်စောင့်ကြည့်နေလိုက်''''ထင်နှင့်ဘုံကို အဝေးတစ်နေရာမှလှည့်ကြည့်နေသော
အန်နီရှိုင်း.....အရှိုက်တည့်တည့်ထိုးနှက်ခံလိုက်ရတဲ့
မြင်ကွင်းကိုကြည့်ရင်း တောက်စ်တစ်ချက်
ခပ်ပြင်းပြင်းခေါက်၍အမုန်းမီးတွေ
တောက်လောင်နေတော့သည်။
အမုန်းတွေကြောင့်အောက်နှုတ်ခမ်းကိုဖိကိုက်ထားတာ
သွေးတွေစို့လာသည်အထိပင်။
.
.
.
.
.
.
နေမင်းကြီးက ချက်ချက်တောက်ပူနေသည်။
ပျက်စီးယိုယွင်းနေသောအိမ်ဟောင်းထဲမှာ
ကောင်လေးတစ်ယောက်နှင့်ကောင်မလေး
တစ်ယောက်.......လက်ထဲတွင်လည်း
နှင်းဆီပန်းဖြူတွေကိုင်ကြလျက်။သူတို့ရှေ့ကအုတ်ဂူဟောင်းလေးကိုကြည့်၍
ဝမ်းနည်းပူဆွေးရင်းနှစ်ယောက်အတူထိုင်ပြီး
ကန်တော့ကြသည်။အချိန်တွေကုန်လာတာ
မာမီဆုံးတာ ဒီနေ့ဆို၆နှစ်ပြည့်သည့်နေ့။
ဒါ့ကြောင့် Dနှင့်babeဂါဝရလာပြုခြင်းပင်။''''ပြန်ကြရအောင်.....နေတွေအရမ်းပူနေတယ်
babeခေါင်းကိုက်နေလိမ့်မယ်''''''''ရပါတယ် လူကြီး...ချစ်ခြင်း ခဏလောက်
ဆက်နေချင်သေးလို့ပါ''''သူမကိုပြန်ဖို့ပြောနေတဲ့လူကြီးကို ချစ်ခြင်း
ပြောရင်း နှင်းဆီဖြူလေးတွေအားအုတ်ဂူပေါ်
တင်လိုက်သည်။ပြီးနောက် ခေါင်းညွှတ်၍
အရိုအသေပေးနေစဥ်