Part - 45

770 14 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

                 🍂အပိုင်း - (၄၅)🍂

နာရီဝက်ခန့်နီးပါးမောင်းပြီးတဲ့အခါ
ထိုလူပြောသောခြံနံပါတ်အားတွေ့ရပြီး
ထင်တို့ကားလေးမောင်းဝင်ခဲ့သည်။
ကားကိုရပ်ရပ်ချင်းလူတစ်စုက
သူတို့အနားရောက်လာကာ
သေနတ်တွေဖြင့်ချိန်ထားသည်။

''''မိုးထက်...သူတို့ကိုယ်ပေါ်ကိုစစ်ဆေးလိုက်''''

''''ဟုတ်ကဲ့...ကိုဒေးဗစ်''''

မိုးထက် ဒေးဗစ်၏စကားအတိုင်း
မင်းညထင်နှင့်ဒီလွှမ်းစစ်ရဲ့ခန္ဓာကိုယ်အနှံ့ကို
လက်နက်တစ်စုံတစ်ရာရှိမရှိ
စစ်ဆေးလိုက်သည်။

''''ဘာတစ်ခုမှမရှိပါဘူး....''''

''''ကောင်းပြီလေ....သူတို့ကိုခေါ်သွားတော့''''

ေဒးဗစ် ဆိုသူကိုထင်ရော Dရော
တစ်ခါမှမမြင်ဖူးပေ။ရန်ငြှိုးရန်စလည်း
မရှိတာ​ကြောင့်ချာတိတ်ကိုသူတို့
ဘာလို့ဖမ်းထားတာလဲ စဥ်းစားမရ။
ထိုလူတွေပြောတဲ့အတိုင်း ထင်တို့
ရှေ့ကနေဝင်သွားပြီးနောက်က
သေနတ်နှင့်ချိန်ထားသည်။

လက်နှစ်ဖက်အားခေါင်းနောက်ကိုပို့၍
အဆောက်အဦးထဲဝင်ခဲ့ကာ
လှေကားတစ်ခုမှအပေါ်သို့တက်ခိုင်းသည်။
Dနှင့်ထင် သူတို့ခိုင်းသည့်အတိုင်း
အပေါ်ထပ်သို့တက်လာခဲ့ရာ
တွေ့လိုက်ရသောသူက အမျိုးသမီးတစ်ယောက်

''''ခင်ဗျား!!...ဒေါ်ရုပ်ပျိုရွယ်''''

''''ဟား....ဟား....ငါ့ကိုမမေ့သေးဘူးပဲ''''

ဟက်ဟက်ပက်ပက်ရယ်မောကာ ထင်တို့ကို
ယုတ်မာကောက်ကျစ်လှတဲ့အပြုံးဖြင့်
ကြည့်၍

''''မင်းဇနီးကိုအသက်ရှင်စေချင်ရင် ငါခိုင်းသမျှ
အားလုံးလုပ်ပေးရမယ်.....''''

''''ချာတိတ်....ဘယ်မှာလဲ....ခင်ဗျား
သူမကိုဘာတွေလုပ်ထားသေးလဲ....
ကျုပ်ဇနီးတစ်ခုခုဖြစ်လို့ကတော့ခင်ဗျားကို
အမှုံ့ကြိတ်ပစ်မယ်....ဒေါ်ရုပ်ပျိုရွယ်''''

ထင် ဒေါသတွေထွက်ပြီးသူမကိုခပ်မာမာ
ပြန်ပြောလိုက်သည်။

''''အို!...မင်းဒေါသအရမ်းကြီးတာပဲကွာ
နော​က်တော့တွေ့ရမှာပေါ့''''

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now