Part - 35

732 16 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

🏆အပိုင်း- ၃၅🏆

''''ကျွန်မရှယ်ယာ 5%အား ဦးကိုလွှဲပေးပါတယ်ရှင့်''''

စကားသံနှင့်အတူ အစည်းအဝေးအခန်းထဲသို့
ဝင်လာသည့် ဘုံ.....သူမပြောစကားကြောင့်
အားလုံး၏အကြည့်တွေက သူမဆီ၌။
ဘုံလည်း အကြည့်စူးစူးတွေကိုလျစ်လျူရှုကာ
ဦးဆီသို့ လာခဲ့လိုက်သည်။

သူတို့စီစဥ်ထားခဲ့သလိုဖြစ်လာခဲ့ပြီလေ
မနေ့က ဂစ်တာတီးပြီးပြီးချင်းမှာပဲ
ချာတိတ်က သူ့ကိုအရေးကြီးတဲ့
အကြောင်းအရာတစ်ခုပြောပြခဲ့သည်။
.
.
.
.
.
''''ဦးကို ဘုံပြောစရာရှိတယ်''''

''''ပြောလေချာတိတ်''''

''''မနက်ဖြန်မှာဒေါ်ရုပ်ပျိုရွယ်ကိုနိုင်ဖို့အတွက်
ဘုံမှာ အကြံတစ်ခုရှိတယ်.....အခုပြောမဲ့
ကိစ္စက ဘုံ တမင်ဖုံးကွယ်ခဲ့တာမဟုတ်ပါဘူး
ဘံု ​သိရတာလည်းသိပ်မကြာသေးလို့ပါ''''

အဲ့နေ့က သူ့ကို ချာတိတ်ကအကြောင်းစုံ
ပြောပြခဲ့သည်။MSရဲ့ရှယ်ယာက သူ့ကို
အဘိုးကိုယ်တိုင် သူ့ကိုသေချာမှာကြားထားခဲ့တာပင်။
အဲ့အချိန်တုန်းက ထင် အသက်၉နှစ်ပဲ
ရှိသေးသည်။အဘိုးကသိပ်ပြီးကျန်းမာရေး
မကောင်းတော့.....ထင် ကိုလျို့ဝှက်ချက်တစ်ချို့ကို
ပြောပြခဲ့တယ်......အကြောင်းအရာကတော့
အဘိုးကိုကူညီခဲ့ဖူးတဲ့သားအဖနှစ်ယောက်ရှိပြီး
ကျေးဇူးတင်တဲ့အနေနဲ့ ကုမ္ပဏီရှယ်ယာ
ပေးခဲ့တာကိုပင်။

''''မင်းမှာရှယ်ယာမရှိဘူး ဘုံကြိုးမျှင်....
ငါတို့ကိုအရူးကွက်တွေလာနင်းပြမနေနဲ့
ကလေးသာသာလေးကများ ငါတို့ကို
လှည့်စားချင်နေသေးတယ်....
အခုချက်ချင်း အခန်းထဲကထွက်သွားစမ်း
MSရဲ့ဥက္ကဋ္ဌအမိန့်ပဲ'''''

ဒေါ်ရုပ်ပျိုရွယ် တစ်ယောက် ဘုံစကားကို
ကြားတဲ့အခါကမူရှူးထိုးနှင့်ဖြစ်သွားသည်။
အိ​ေန္ဒြထိန်းထားသည့်ကြားကဒေါ်ရုပ်ပျိုရွယ်
မျက်နှာက ခက်ထန်တင်းမာနေစဲပါ။
ထွက်ပေါက်သို့လက်ညိုးထိုးရင်းအမိန့်သံနဲ့
သူမရှုံးတာကိုလက်မခံပဲ ဘံု ကိုအတင်း
နှင်ထွက်နေတာကိုကြည့်ရင်း ဦးမဟာ....ပြုံးမိသွားသည်။

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now