💞ဦး 💚နှလုံးသား💚အား ပိုင်ဆိုင်ပါရစေ💞
💌🥀\အပိုင်း- ၂၀\💟🌼
''''ဖေဖေ...''''
''''သား''''
''''ဟင်...ဖေဖေတို့က သိနေကြတာလားဟင်''''
ဘုံ မရောင်မလည်လေးဖြင့် ဖေဖေ့နှင့်ကိုကို့အား
တစ်ယောက်တစ်လှည့်ကြည့်ရင်း မေးလိုက်သည်။
ဖေဖေကိုကြည့်တော့မျက်ဝန်းအိမ်မှ မျက်ရည်တွေ
ပြည့်နေတာကိုတွေ့ရသဖြင့်စိုးရိတ်စိတ်တို့က
မြင့်တက်လာခဲ့ပြီး''''ဖေဖေ...ဘာဖြစ်လို့လဲ''''
သူမ စကားဆုံးသည်နှင့် ကိုကိုက ဖေဖေ့ဆီ
ပြေးလာကာဖက်တာကြောင့် ကြားထဲက ဘုံ
မရောင်မလည်။ ဖေဖေကလည်း မျက်ရည်တွေ
စိုရွှဲလျက် ကိုကို့အားပြန်ဖက်ထားလေသည်။ဖေဖေ...သား....တဲ့လား
ဘာတွေဖြစ်ကုန်တာလဲ.....ကိုကိုက....
ဘုံအစ်ကိုအရင်းလား....ဘာတွေလဲ....ချစ်ခြင်းတို့သားအမိလည်း အဖြစ်အပျက်တွေကို
အံ့သြစွာကြည့်နေကြရပြီး ပွဲကြည့်ပရိတ်သတ်
ဖြစ်နေကြရသည်။အချိန်တွေမြောက်မြားစွာဝေးကွာနေခဲ့ရတဲ့
ဖခင်ဖြစ်သူအားခွန်း ပြန်တွေ့ရတော့
ဝမ်းသာလွန်းလို့ မျက်ရည်တွေပါ
ကျလာမိသည်အထိ....မမျှော်လင့်ပဲပြန်ဆုံရပြီ
အရမ်းသတိရတမ်းတနေမိသည့်
ဖေဖေရင်ခွင်လေးပြန်ခိုဝင်ခွင့်ရခဲ့သည်....
ကျေးဇူးပါ ကံကြမ္မာကြီးရယ်
မိသားစုလေးပြန်ဆုံခွင့်ပေးလို့.....
တင်းကျပ်စွာဖက်ထားမိရင်း''''ဖေဖေ တို့ကို သားလိုက်ရှာနေခဲ့တာ''''
''''အခုပြန်တွေ့ရပြီပဲလေ သားမေမေရော
နေကောင်းရဲ့လား''''''''ဟုတ်....မေမေကဂျပန်မှာပါ.....''''
''''အေးပါ သားရယ်''''
သားတောင် တော်တော်အရွယ်ရောက်လာခဲ့ပြီပဲ
အချိန်တွေကုန်လာတာ တော်တော်မြန်တာပါ့လား
ဘာလိုလိုနှင့် အနှစ်၂၀တောင်ကြာသွားခဲ့သည်။
မာန်မာနတွေကြောင့်ပြိုကွဲခဲ့ရသည့်မိသားစုလေး
အခုတော့ ပြန်ဆုံဆည်းရတော့မှာမို့
စိတ်ကူးအတွေးနှင့်ပင်ဦးထူးမြတ်
ကြည်းနူးနေမိတာ.....သားနှင့်သမီးအား
တင်းကျပ်စွာ ဖက်ထားမိပြီး ဝမ်းသာလို့
ကျလာရသည့်မျက်ရည်တွေအား သုတ်မပစ်မိ.....