💞 ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
💚💙အပိုင်း- ၃၂🖤💛
''''ကိုမင်းညထင်''''
Dနှင့် စကားပြောနေစဥ်အိမ်ထဲသို့ဝင်လာသည့်
ဧကရီသျှင်.......''''အော်....ဧကရီသျှင်''''
''''သျှင် ပြောစရာလေးရှိလို့လရိပ်ကိုမေးပြီး
လိုက်လာခဲ့တာ အနှောင့်အယှက်များဖြစ်သွားသလား''''''''ရပါတယ်....''''
လို့တရိုတသေပြန်ပြောရင်းေဘးကအက်ျီကို
ဝတ်လိုက်သည်။ထင် ဘေး၌ဧကရီသျှင်က
ဝင်ထိုင်ကာသူ့ကိုပြုံးပြပြီး ဖော်ရွေစွာ
စကားဆိုသည်။''''ကိစ္စကအရမ်းအရေးကြီးပါတယ်....
ကိုမင်းညထင်နဲ့နှစ်ယောက်တည်း
စကားပြောလို့ရနိုင်လား'''''''''သျှန် ငါသွားတော့မယ်''''
D အလိုက်သိစွာဖြင့်ပင် ရှောင်ထွက်ခဲ့ပြီး ခြံထဲသို့
ဆင်းလာခဲ့သည်။ခြံထဲတွင် babeကို
ရှာကြည့်တော့လည်းမတွေ့ပေ။
ဘုံ ထွက်သွားတော့ babeလည်း
လိုက်သွားတာ ခြံထဲမှာနေမယ်ပြောပြီးအခု
ဘယ်ရောက်သွားတာလဲဟိုကြည့်ဒီကြည့်နဲ့
လုပ်နေရင်းခေါ်သံတစ်ခုက ပေါ်ထွက်လာတော့သည်။''''ဦးဒီလွှမ်းစစ်''''
မတိုးမကျယ်သော သူမ၏အသံချိုချိုလေး။
၅ပေလောက်အကွာတွင်လက်ကလေးပိုက်လျက်
Dကိုမျက်မှောင်ကြုတ်ကာကြည့်နေလေတော့
ဘာများဖြစ်လို့လဲ ဟုအလျင်စလိုမေးလိုက်မိသည်။''''babe...ဘာဖြစ်လို့လဲ''''
သူ့စကားကြောင့် ချစ်ခြင်း မျက်ခုံးနက်နက်လေးတွေ
ပိုပြီးတွန့်ကွေးသွားရသည်။
မသိချင်ယောင်ပဲဆောင်သလား?
တကယ်ပဲမသိတာလား?.....ဦးဒီလွှမ်းစစ်
ခင်ဗျားတို့နှစ်ယောက်ကိုကောင်းကောင်းကြီး
ပညာပေးပစ်မယ် ဘုံကိုလည်းစိတ်ဆင်းရဲအောင်
လုပ်တယ်......ထိုလူကြီးအနားကိုဖြေးဖြေးချင်း
လျှောက်သွားကာ ၁ပေလောက်အကွာတွင်
ရပ်လိုက်ပြီး နှုတ်ခမ်းကိုမဲ့ကာ''''ခင်ဗျားကြီးသူငယ်ချင်းကတော်တော်မျက်နှာ
ပြောင်တိုက်တာပဲ မနေ့ကဘုံကိုချစ်တယ်
ပြောပြီး အခုတခြားမိန်းကလေးနဲ့
ပြုံးရွှင်နေတယ်.....လူရှုပ်လူပွေကြီး
ခင်ဗျားလည်း အတူတူပဲနေမှာ''''