💞ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🌠 🎇အပိုင်း -၂၈🌠🎇
''''ရှင်....မဟုတ်ပါဘူး ဦးပါဗျ''''
''''ဘုံကိုလွှတ်''''
''''မလွှတ်ဘူးကွာ...ငြိမ်ငြိမ်နေနော်ပြီးမှနောင်တမရနဲ့''''
ရုတ်တရက် ဦးက ဘုံကိုအတင်းလာဖက်လို့
လန့်သွားရသည်....ဦးလက်ထဲက ဘုံ
ရုန်းနေသော်လည်း အားသန်လှတဲ့ဦးရဲ့လက်တွေကို
ဖယ်ထုတ်လို့မရတာမို့....အသာငြိမ်နေရသည်။''''ချာတိတ်''''
''''.......''''
''''ချာတိတ်''''
''''..........''''
''''ဟင့်....ဟင့်....ဘုံကိုလွှတ်ပေးပါနော်
ဖေဖေအရမ်းစိတ်ပူနေလောက်ပြီ
တောင်းပန်ပါတယ်နော် ကျေးဇူးပြုပြီး
ဘုံကိုလွှတ်ပေးပါ ဦးရယ်''''''''ချာတိတ်ရယ်''''
ချာတိတ်ကိုဖက်ထားရင်း ငိုသံယဲ့ယဲ့လေးက
ထွက်ပေါ်လာတာကြောင့် ဖက်ထားရမှ
လွှတ်ပေးလိုက်သည်။ကျောပေးထားသော
ချာတိတ်ကိုယ်လေးကိုသူ့ဘက်သို့
ဆွဲလှည့်လိုက်ပြီး သူမမျက်နှာလေးအား
ကြည့်လိုက်တော့ရဲတွက်နေသည့်
မျက်လုံးတွေကဘယ်လောက်တောင်
ငိုထားလဲဆိုတာသိနိုင်တယ်
မျက်ရည်ကြည်ဉလေးတွေကိုတယုတယ
သုတ်ပေးလိုက်သည်။သူမ၏ပခုံးကို
ဖွဖွလေး ဆုပ်ကိုင်၍''''ချာတိတ်ကို အရမ်းချစ်တယ် နှလုံးသားက
နက်နက်ရှိုင်းရှိုင်းကိုချစ်တာပါ
အခုလိုဖမ်းချုပ်ထားတာက ချာတိတ်ကို
စိတ်ပူလွန်းလို့...ကိုယ့်ကြောင့်ချာတိတ်
ထိခိုက်မှာကိုမလိုချင်ဘူးဒေါ်ရုပ်ပျိုရွယ်က
ချာတိတ်ကိုအန္တရာယ်ပေးမှာ
စိုးတယ် အဲ့ဒါကြောင့်အခုလို
စီစဥ်ထားရတာပါကွာကိုယ့်ကိုစိတ်မဆိုးပါနဲ့
ပြီးတော့ မုန်းတယ်ဆိုတဲ့စကားကိုလည်း
ထပ်မပြောပါနဲ့တော့လားချာတိတ်ရယ်
အဲ့လိုပြောတိုင်းကိုယ့်နှလုံးသားက
နာကျင်ရလို့ပါ''''''''...........''''
''''ချာတိတ်....ကိုယ်ပြောတာကို
နားထောင်နေရဲ့လား''''ဦးပြောတာတွေက....အမှန်တွေလို့
သူမနှလုံးသားက ယုံကြည်နေမိတယ်
ဘုံကို မျက်နှာငယ်လေးဖြင့်ကြည့်နေပြီး
သူမဆီကစကားကိုစောင့်မျှော်နေသည့် ဦးကို
ကြည့်ရင်း ဘုံမျက်နှာဟာအပြုံးရိပ်တို့
လွှမ်းသွားရသည်။