💞ဦး💚နှလုံးသား💚အား ပိုင်ဆိုင်ပါရစေ💞
🍒👑|အပိုင်း - ၁၅|🍒👑
''''ဘယ်လို....ချစ်ခြင်း နင်...နင်...ဦးသျှန်
ကုမ္ပဏီကိုသွားတယ်.....
ဘာလုပ်သွားတာလဲ....ငါ့ကိုပြောပြ''''အံ့သြတုန်လှုပ်မှုများစွာဖြင့် ဘုံ ချစ်ခြင်းကို
မေးရသည်။ဒါပေမယ့် သူမကိုချက်ချင်းပြန်မဖြေပဲ
ထုံးစံအတိုင်းပေကတ်ကတ်လုပ်နေတာကြောင့်''''နင်ဘာသွားလုပ်တာလဲလို့'''''
ဘုံ၏အသံဟာ အနည်းငယ်တင်းမာနေတာမို့
ချစ်ခြင်း ဘုံကိုမြန်မြန်ပင်ပြန်ဖြေလိုက်သည်။''''နင့်ကိုဝမ်းနည်းခံစားရအောင်လုပ်တဲ့သူကို
ငါကတစ်ခုခုပြန်လုပ်ရမှကျေနပ်တာ နင်သိရဲ့သားနဲ့
ဘုံရယ် ရန်သွားတွေ့တာပေါ့ပြီးတော့အဲ့လူ
အလုပ်လည်းအေးဆေးမလုပ်နိုင်အောင်
ငါပြသနာရှာချင်တာပါ''''''''ချစ်ခြင်းသက္ကရာဇ် နင်ဘာလို့အဲ့လိုလုပ်ရတာလဲ
ပြောလေ ဦးသျှန်က ငါနှင့်မသက်ဆိုင်တော့တဲ့လူပါ
နင်ဘာသွားပြောပြော ဘာပဲလုပ်လုပ်ရလဒ်က
ဘာမှပြောင်းလဲတော့မှာမဟုတ်ဘူး သူလည်း
သူ့ဘဝနဲ့သူ ငါလည်းကိုယ့်ဘဝနဲ့ကိုဆက်လျှောက်
လှမ်းကြရမှာ ဖြစ်ပျက်ခဲ့တဲကိစ္စအားလုံးက
ဘယ်သူ့သဘောမှမဟုတ်ဘူး ကံကြမ္မာအလိုပဲ
ငါ့ကြောင့်လည်း နင့်ကိုအထိခိုက်မခံနိုင်ဘူး
ချစ်ခြင်းငါချစ်တဲ့သူတွေထပ်
မဆုံးရှုံးချင်တော့ဘူးဟာ''''ဝမ်းနည်းကြေကွဲမှုတွေက ဘုံအသံမှာတင်
ထင်ဟပ်နေသည်။တလိမ့်လိမ့်စီးကျလာသော
မျက်ရည်စတွေကို ချစ်ခြင်းတယုတယ
သုတ်ပေးမိတယ်.....ဘုံ နှလုံးသားမှာဒဏ်ရာတွေ
ပြည့်နှက်နေတာ ဦးမင်းညထင်ကိုချစ်ခြင်း
နည်းနည်းမျှမကျေနပ်။ချစ်ခြင်းသူငယ်ချင်းကို
နာကျင်ခံစားရအောင် လုပ်တဲ့သူအမှုံ့ကြိတ်ပစ်ချင်တာချစ်ခြင်းသက္ကရာဇ် ဆိုတာသူချစ်တဲ့သူတွေကို
လာထိရင် ခံရတာထက်အဆတစ်ရာပြန်လုပ်ရမှ
ကျေနပ်တာ အလယ်တန်းကျောင်းကတည်းက
ဘုံကို ထိကပါးရိကပါးလာလုပ်တဲ့သူတွေအားလုံး
ချစ်ခြင်း ပြန်ပြီးသင်ခန်းစာပေးပစ်တာ
ကြာလာတော့သူမတို့နှစ်ယောက်ကို မည်သူမှ
မစနောက်ရဲကြတော့ပေ။ချစ်ခြင်းသက္ကရာဇ် ဆိုတာ
အဲ့လိုကောင်မလေးမျိုးပါ