Part - 18

900 16 0
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

💋💌[ အပိုင်း - ၁၈]💌💋

''''အမေ့!!!''''

ရုတ်တရက်ခါးကိုဆွဲခံလိုက်ရတာကြောင့်
ဘုံထိတ်လန့်တကြားအော်မိလိုက်သည်။
မွေ့ရာပေါ်၌ နှစ်ယောက်သားထပ်လျက်ဖြစ်သွားပြီး
ဦးက ခန္ဓာကိုယ်အား တစ်ပတ်လှိမ့်လိုက်တဲ့အခါ
ဘုံ ကအောက်ဖက်မှဖြစ်သွားသည်။
သူမအပေါ်မှ ဖိထားသောဦးခန္ဓာကိုယ်ကို
လက်နှစ်ဖက်ဖြင့်အားကုန်သုံး၍
ကြိုးစားဖယ်တော့ အိပ်ရာနှင့်လက်နှစ်ဖက်ကို
ဦးကပြန်ဖိကပ်ထားကြောင့် အတင်းရုန်းမိသည်။

နောက်ဆုံးတော့ ဘုံ ဒီအတိုင်းသာငြိမ်နေလိုက်ရကာ
သူမအား စိုက်ကြည့်နေသည့်ဦးအား
မထုံတထုံလေးဖြင့် ပြန်ကြည့်မိသည်။
သူမဘဝကို ဦးလက်ထဲ၌ပုံအပ်ထားပါတယ်
ဒါပေမယ့် မပေါင်းဖက်နိုင်တာ နှစ်ယောက်လုံး
သိနေကြတာပဲလေ....

တွေ့ရင်းဖြင့်ပင် မျက်ရည်စတွေကရစ်ဝဲလာသည်။
ဦးမှာတရားဝင်လက်ထပ်ထားတဲ့ ဇနီးရှိတယ်
ပိုင်ရှင်ရှိနှင့်ပြီးသားယောက်ျားတစ်ယောက်ကို
ဘုံ မချစ်သင့်ပါဘူး....ဘယ်လောက်ပဲမချစ်ဘူးပြောပြော....တရားဝင်လက်ထပ်ပြီးသား
အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့ပြီးပြီလေ

ဘုံ တတိယလူအဖြစ်မဝင်သင့်တာသိပါတယ်
ဦးကိုဘယ်လောက်ပဲချစ်ချစ် ဦးကိုပိုင်ဆိုင်ဖို့
ဘုံ မကြိုးစားပါဘူး....ချစ်နေခွင့်ရတာလေးပဲ
ကျေနပ်မိပါတယ်....

''''ဘုံ....ပြန်တော့မယ်....ဦး''''

ပြန်မည် ပြောကာအတင်းပြန်ထဖို့ကြိုးစားနေသည့်
ချာတိတ်.....မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်
ထင်ကို မျက်ရည်ရစ်ဝဲလျက်ပြန်ကြည့်နေသည်။

''''ဘာလို့မင်းက မျက်ရည်ဝဲနေရတာလဲ ဘုံကြိုးမျှင်''''

ပွဲမှဖြစ်ခဲ့သည့်ပြသနာတွေ၏ဒေါသတွေက
ချာတိတ်အပေါ်အားလုံးစုပုံကျလာပြီး
အပြစ်အနေနှင့် နီရဲဖူးစွတ်နေသော နှုတ်ခမ်းလေးအား
ဖိနမ်းပစ်လိုက်သည်....သူ့လက်ထဲတွင်ယုန်မလေးက
ပြုသမျှ ခံရမှာလေ ကျားလက်ထဲကပြေးလွတ်နိုင်မည်
တဲ့လား.....အချိန်အကြာကြီးလွမ်းခဲ့ရတာတွေအတွက်
အတိုးချကာ အနမ်းမိုးတွေရွာသွန်းနေလိုက်သည်။

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now