💞 ဦး ❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞
🦋🌼 အပိုင်း- ၃၀💋💗
''''ခွမ်း!!''''
''''အမေ့!!''''
ရုတ်တရက်မို့ဘုံလည်းလန့်သွားကာလက်ကလေး
နှစ်ဖက်ကိုထပ်၍ရင်ဘတ်ပေါ်ဖိတင်ရင်း
ဘေးဆီသို့ကြည့်လိုက်သည့်အခါကျကွဲသွားသည့်
ဗီဒိုပေါ်မှဦး၏ဓာတ်ပုံလေး။ချက်ချင်းပင် ဘုံ ေပြးသွားလိုက်ကာ
အစိတ်စိတ်အမွှာမွှာကြေမွနေသော
ဓာတ်ပုံမှန်လေးကိုကြည့်ရင်းစိုးရိမ်ပူပန်
စိတ်တွေဖြစ်လာသည်။နိမိတ်မကောင်းဘူး
ဓာတ်ပုံကျကွဲတာကဦး ဘာမှမဖြစ်ပါစေနဲ့
အန္တရယ်ကင်းကင်းနဲဲ့အိမ်ပြန်ရောက်လာပါစေ
စိတ်ထဲမှဆုတောင်းမိသည်။''''မမလေး...ဘာဖြစ်တာလဲ''''
မီးဖိုးခန်းဘက်မှစိုးရိမ်တကြီးဖြင့်
ပြေးထွက်လာတဲ့ မိဇွန်လက်ထဲမှာလည်း
ဓားကြီးနဲ့မို့ဘုံ လန့်သွားရတယ်''''ဘာမှမဖြစ်ပါဘူး မိဇွန်ရယ်..ဦးဓာတ်ပုံကျကွဲ
သွားတာပါ....ဓားကြီးကဘာလုပ်ဖို့လည်း''''''''သူခိုးဝင်လာတာလားလို့ယူလာတာပါမမလေး
ဇွန် မှန်ကွဲစတွေရှင်းလိုက်ပါ့မယ် မမလေးမလုပ်ပါနဲ့
လက်ရှသွားရင် အစ်ကိုလေးကဇွန်ကိုသတ်လိမ့်မယ်''''''''အင်းပါ'''' ဟု ပြောပြီး မိဇွန်ကမှန်ကွဲစရှင်းဖို့
ပစ္စည်းတွေသွားယူဖို့ထွက်သွားပြီးပြီးချင်းမှာပဲ
ဘုံ မှန်ကွဲစကိုကောက်လိုက်သည့်အခါတွင်''''အာ့....''''
''''ချာတိတ်''''
''''ဦး''''
^*^*^*^❤*^*^*^*❤^*^*^*
''''အရမ်းနာနေလား''''
''''မနာပါဘူး'''' လို့ ချာတိတ်ပြောနေပေမယ့်လည်း
မျက်ရည်တွေကရစ်ဝဲနေပြီ....ဒဏ်ရာကို ထင်
ကိုယ်တိုင်ပလာစတာကပ်ပေးလိုက်ပြီး
မျက်ရည်ဥလေးတွေကို သုတ်ပေးလိုက်သည်။''''ချာတိတ်...အဆင်ပြေ....''''
''''ဦး ဘာဒဏ်ရာမှမရခဲ့ဘူးမို့လား.....တစ်ခုခု
ထိခိုက်မိတာရောမရှိဘူးမလား....ပြီးတော့''''