Part - 16

920 17 1
                                    

💞ဦး❤နှလုံးသား❤အား ပိုင်ဆိုင်ပါရစေ💞

              🍂🐚[အပိုင်း- ၁၆]👑🌺

''''ချာတိတ်''''

ချစ်ရတဲ့သူကိုမြင်တွေ့လိုက်ရလို့ ရင်ထဲအတိုင်းမသိ
ပျော်ရွှင်နေရပေမယ့် ဘေးနားက ချာတိတ်
လက်ချိတ်ထားတဲ့အမျိုးသားတစ်ယောက်ကို
တွေ့လိုက်ရတော့ နှလုံးသားက နာကျင်လာပြီး
စိတ်ထဲတွင် မေးခွန်းတွေတသီကြီးထွက်လာသည်။

'သူကဘယ်သူလဲ ချာတိတ်နှင့်ဘယ်လို
ပတ်သက်တာလဲ? ပြီးတော့သူနှင့်ချာတိတ်
မတွေ့လိုက်ရတဲ့အချိန်အတွင်းဘာတွေ
ဖြစ်ပျက်ခဲ့တာလဲ?ချာတိတ် မျက်နှာပြုံးရွှင်နေတာပဲ
ကိုယ့်ကို မေ့နိုင်သွားပြီလား?

မရေရာမသေချာသောအမေးတွေဖြင့်
ချာတိတ်အားသူအချိန်ကြာကြည့်နေမိသည်....
သူမကတော့ထင်ကိုမြင်တောင်မမြင်ပါ....
တည်ကြည်ခန့်ငြားတဲ့ရုပ်သွင်နှင့်လူကိုကြည့်ပြီး
ပါးလေးတွေဖောင်းနေအောင်ကိုရယ်နေလေသည်။

...အဖြူရောင် ဝတ်စုံနှင့်ရွှေအိုရောင်ဆံပင်လေးကို
အပေါ်၌ထုံးထားကာ ရှေ့ဆံမြိတ်လေးနှင့်အရမ်းကို
ချစ်စရာကောင်းနေတာ.....မတွေ့ရတာကြာလို့
ပိုလို့ပင်လှပလာသလိုပင်.....အော်.....
ချာတိတ်ရယ်....မင်းကိုယ့်ကို မေ့နိုင်သွားလို့
ဝမ်းသာပါတယ်.....

ဘယ်သူသိမလဲ....စိတ်ထဲကစကားနှင့်နှလုံးသားက
စကားထပ်တူမကျဘူးဆိုတာ.....ရင်ထဲမှာတော့
တခြားယောက်ျားလေးနှင့်ချာတိတ်ကို
တွဲမြင်ရတာ နှလုံးသားက နာကျင်နေလို့
မြင်ကွင်းကိုဆက်မကြည့်နိုင်လို့ ထင်လက်ကို
ချိတ်ထားတဲ့ဧကရီသျှင် လက်ကိုဖြုတ်၍
ပွဲထဲမှထွက်လာခဲ့သည်။

''''မောင်....''''

ဧကရီသျှင် ခေါ်နေပေမယ့် ထင် ပြန်လှည့်မကြည့်တော့
ပွဲနှင့်ဝေးရာ အေးချမ်းတိတ်ဆိတ်မည့်နေရာသို့
ထွက်လာခဲ့သည်။

''''အဲ့ဒါက ဦးကျောပြင်နှင့်တူလိုက်တာ ဦးများလား''''

ဘုံ မျက်လုံးကဟိုကြည့်ဒီကြည့်နှင့်လှည့်ထွက်သွားသော
ကျောပြင်ကျယ်ကြီးကိုမြင်လိုက်မိတော့
ဦးနှင့်တူသလိုခံစားရသည်။မြင်ကွင်းထဲမှ
ပျောက်ကွယ်သွားသည်အထိ ကြည့်နေ
သော်လည်း မျက်နှာတစ်ချက်ကလေးမှ
လှည့်မလာခဲ့။

❤ ဦး နှလုံးသား အား ပိုင်ဆိုင်ပါရစေ ❤Where stories live. Discover now