ကျွန်မကတော့နန်းမွန်ပါ။ကျွန်မရဲ့မိဘတွေကတော့မရှိကြတော့ပါဘူး။ကျွန်မကအခုတော့အဘိုးဦးအောင်ကျော်နှင့်အတူနေထိုင်တယ်။ကျွန်မငယ်ငယ်လေးကတည်းဘိုးဘိုးလက်ထဲမှာကြီးလာတော့နန်းမွန်ဆိုတဲ့ကျွန်မကဘိုးဘိုးအောင်ကျော်ရဲ့အချစ်ဆုံးလေးပေါ့။ဒီနေ့က၁၀တန်းအောင်စာရင်းထွက်မှာဆိုတော့ကျွန်မအရမ်းစိတ်လှုပ်ရှားနေတာပေါ့။မနက်၆နာရီလောက်ထပြီးစောနွယ်၊မိုးပွင့်သူငယ်ချင်းတွေအတူတူအောင်စာရင်းသွားကြည့်ကြတယ်။၃ယောက်လုံးအောင်ကြတယ်။ပြီးတော့Dပါ ပါတော့ပိုပြီးတော့ပျော်နေကြတာပေါ့။သူငယ်ချင်း၃ယောက်လုံးပြုံးရွှင်ပြီးနန်းတို့အိမ်အတူတူပြန်လာကြတယ်။
နန်း"ဘိုးဘိုးရေ၊ဘိုးဘိုး။မြေး၁၀တန်းအောင်တယ်သိလား။ဂုဏ်ထူး၃ဘာသာတောင်ပါတယ်။"
နန်းသူ့အဖိုးကိုဖက်ပြီးပြောလိုက်တယ်။
ဦးအောင်"ဟုတ်လား။အမလေးမြေးလေးကတော်လိုက်တာ။မြေးလေးတို့ရောအောင်ကြလား။"
စောနွယ်"သမီးအောင်တယ်၊အဘိုးရဲ့။၂Dတောင်ပါသေးတယ်။"
မိုးပွင့်"သမီးလည်းအောင်တယ်၊၂Dနှင့်ပဲ။"
ဦးအောင်"မြေးလေးတို့ကတော်လိုက်ကြတာ။မြေးလေးနန်းသမီးသူငယ်ချင်းတွေကိုမုန့်လိုက်ကျွေးလိုက်အုန်း။မုန့်ဖိုးကိုအဖိုးခန်းထဲမှာလိုသလောက်ယူသွား။"
နန်း"ဟုတ်ကဲ့။ခဏနေအုန်းနော်၊သူငယ်ချင်းတို့။ငါအပေါ်ထပ်သွားလိုက်အုန်းမယ်။"
နန်းအပေါ်ထပ်တက်ပြီးလိုသလောက်ပိုက်ဆံယူပြီးသူငယ်ချင်းတွေနှင့်အတူမုန့်စားဖို့အပြင်ထွက်သွားတယ်။နန်းရဲ့ဘ၀ကတော့ဘိုးဘိုးကြောင့်အရာရာတိုင်းကအဆင်ပြေချောမွေ့နေတာပေါ့။ဘိုးဘိုးကနန်းမျက်နှာမညိုအောင်ငယ်ငယ်လေးကတည်းကပြီးပြည့်စုံအောင်ထားပေးခဲ့တယ်။နန်းဘိုးဘိုးကြောင့်ပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်ခဲ့ရတယ်။ဘိုးဘိုးကနန်းရဲ့အချစ်ဆုံးပေါ့။💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းသူငယ်ချင်းစားသောက်ဆိုင်တခုမှာမုန့်စားနေတုန်းနန်းရဲ့တဦးတည်းသောယောကျ်ားလေးသူငယ်ချင်းမဟာရောက်လာတယ်။မဟာရယ်၊စောနွယ်နှင့်မိုးပွင့်ရယ်ကနန်းရဲ့ငယ်သူငယ်ချင်းဖြစ်သလိုအချစ်ဆုံးbffတွေလည်းဖြစ်တယ်။
နန်း"ကိုယ်တော်ချော၊အခုရောက်လာတယ်ဟုတ်လား။"
စောနွယ်"အေးလေ၊ငါတို့တောင်စားလို့ကုန်တော့မယ်။"
မိုးပွင့်"ဟုတ်ပါ့၊နောက်ကျလိုက်တာလည်းလွန်ရော။"
မဟာ"sorryပါသူငယ်ချင်းတို့ရယ်။ကားတွေပိတ်နေလို့ပါ။ဒါနှင့်နင်တို့ရောအောင်စာရင်းသွားကြည့်တာဘယ်လိုလဲ။အခြေအနေလေးတွေ။"
နန်း"ငါက၃Dနှင့်အောင်တယ်။သူတို့၂ယောက်ကတော့၂Dနှင့်အောင်တယ်။နင်ရော။"
မဟာ"ငါ့သူငယ်ချင်းတွေဂုဏ်ထူးတွေအောင်တော့ငါ၀မ်းသာလိုက်တာ။ဒါပေမဲ့နင်တို့ထဲမှာတော့ငါကဆရာကြီးပဲ။"
နန်း၊မိုးပွင့်၊စောနွယ်"ဘာလို့လဲ။"
နန်းတို့သူငယ်ချင်း၃ယောက်ပြိုင်တူမေးလိုက်တယ်။
မဟာ"ဘာလို့လဲဆိုတော့ငါက၁၀တန်းကို၆Dနှင့်အောင်တာလေ။"
နန်း"တကယ်၊မဟာရယ်၊နင်တော်လိုက်တာဟာ။၁၀တန်းကို6Dပါဖို့ဆိုတာလွယ်တာမဟုတ်ဘူး။"
မိုးပွင့်"ဟုတ်ပါ့၊နင်တကယ်တော်တယ်။ဒီတခါတော့နင့်ကိုချီးကျူးလိုက်မယ်။"
စောနွယ်"ဟုတ်တယ်။နင်တကယ်တော်ပါတယ်။"
မဟာသူမဆီအကြားချင်ဆုံးစကားကိုကြားလိုက်ရတဲ့အတွက်အရမ်းပျော်သွားတယ်။တကယ်တော့မဟာနန်းတို့၃ယောက်ထဲက..........ဆိုတဲ့သူမကိုတဖက်သတ်အချစ်နှင့်တိတ်တခိုးချစ်နေတာဖြစ်တယ်။
မဟာ"ဒီနေ့ငါတို့သူငယ်ချင်းတွေလွတ်လွတ်လပ်လပ်လျှောက်လည်ကြမယ်။၁၀တန်းလည်းအောင်သွားပြီဆိုတော့စိတ်ပေါ့ပေါ့ပါးပါးနှင့်။"
နန်းအပါအ၀င်စောနှင့်မိုးတို့ပါဘောတူတာကြောင့်နန်းသူငယ်ချင်း၄ယောက်လျှောက်လည်ကြတယ်။ညနေစောင်းမှနန်းအိမ်ပြန်ရောက်တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮
uniဖွင့်ပြီဆိုတော့နန်းတို့၃ယောက်ကျောင်းအတူတူတက်ကြတယ်။နန်းတို့၃ယောက်ကမခွဲချင်လို့majorတခုတည်းယူလိုက်တယ်။နန်းတို့ကရန်ကုန်တက္ကသိုလ်မှာအတူတူတက်ကြတယ်။မဟာကတော့သူ့မိဘတွေကနိုင်ငံခြားမှာကျောင်းသွားတက်ခိုင်းတာကြောင့်နိုင်ငံခြားကိုပြီးခဲ့တဲ့လကပဲထွက်သွားလေရဲ့။နန်းတို့အဖွဲ့ကတယောက်လျှော့သွားတာပေါ့။နန်းကကျောင်းသွားတဲ့နေ့ကျရင်မနက်စာကိုအပြင်မှာပဲစားတတ်တယ်။နန်းအကြိုက်ဆုံးဆိုင်ကကျောင်းနားက"goody"ဆိုတဲ့ဆိုင်လေးဖြစ်တယ်။အဲ့ဒီဆိုင်လေးကအစားအသောက်တွေကအရမ်းကောင်းပြီးအရသာရှိလို့ကျောင်းမသွားခင်နန်းကအဲ့ဒီဆိုင်လေးမှာမနက်စာအမြဲစားဖြစ်တယ်။
ဘာလိုလိုနှင့်နန်းတောင်first yearပြီးသွားပြီ။စာမေးပွဲပြီးသွားတော့နန်းတပတ်လောက်နားပြီးစောနှင့်မိုးနှင့်အတူသင်တန်းတွေတက်တယ်။အချိန်တွေကကုန်တာမြန်လွန်းလှပါတယ်။ကျောင်းတက်ရမဲ့နေ့ကိုပြန်ရောက်လာတယ်။💮💮💮💮💮💮💮💮💮💮💮💮💮
ကျောင်းစတက်တဲ့နေ့မှာနန်းကမနက်စာစားဖို့ဆိုင်နားမှာကားရပ်လိုက်တယ်။နန်းကားပေါ်ကဆင်းပြီးဆိုင်ဆီလမ်းလျှောက်လာတုန်းမှာနန်းကိုအနောက်ကလူတယောက်ဝင်တိုက်တယ်။နန်းလက်ထောက်လျှက်လဲကျသွားတာကြောင့်နန်းလက်လေးနာသွားတယ်။နန်းဝင်တိုက်တဲ့သူကိုရန်တွေ့မလို့လှည့်လိုက်တယ်။နန်းငယ်ရွယ်ပြီးkoreaမင်းသားတွေလိုချောမောတဲ့ကောင်လေးဖြစ်နေတယ်။နန်းသူ့ကိုရဲ့မျက်နှာလေးကိုကြည့်ပြီးတော့ဒေါသတွေဘယ်ရောက်သွားလဲမသိတော့ပါဘူး။
ကောင်လေးကပြုတ်ကျသွာတဲ့ဟင်းသီးဟင်းရွက်တွေကိုလိုက်ကောက်နေတာမို့နန်းလည်းကူကောက်ပေးလိုက်တယ်။
ကောင်လေး"ကျွန်တော်လောလောနှင့်လမ်းလျှောက်လာတော့ဒီကအမကိုမမြင်လိုက်ဘဲဝင်တိုက်လိုက်မိတာတောင်းပန်ပါတယ်နော်။ကျွန်တော်အချိန်မရှိလို့သွားတော့မယ်နော်။"
နန်းတားချိိန်တောင်မလိုက်ဘဲထိုကောင်လေးကထွက်သွားတယ်။ထိုကောင်လေးကနန်းစားနေကျဆိုင်ထဲကိုဝင်သွားတာတွေ့တော့"ဒီကောင်လေးက goodyဆိုင်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းလေးလားမသိဘူး။ဒါပေမဲ့ငါအဲ့ဒီဆိုင်ကိုဝင်ထွက်နေတာကြာပါပြီ။အဲ့ကောင်လေးကိုတခါမှမမြင်ဘူးပါဘူး။ကြည့်ရတာ၀န်ထမ်းသစ်လားမသိဘူး။"လို့တွေးလိုက်တယ်။နန်းသူ့ကိုအတော်တဆတိုက်မိခဲ့တဲ့ကောင်လေးအကြောင်းတွေးရင်းဆိုင်ထဲမနက်စာစားဖို့ဝင်လာတယ်။🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
chapter-2coming soon💌💌💌.
🎀🎀Author-yoon mieno🎀🎀

YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...