အခန်းတစ် (1)အကောင်းဆုံးစာသင်စနစ်(System)

985 46 8
                                    

အခန်း (1)

ကျန်းနန်းမြို့ အ.ထ.က (၁)

  “ဆရာစွန်း  အတန်း ခုနစ် ရဲ့အတန်းပိုင်ဆရာ ဒေါသအထွက်ပြီး နလုံးဖောက်လို့ ခုဏက ဆေးရုံကို့ပိုလိုက်ပြီ”

 ဌာနမူး စွန်းကောမင် , သူ့ရုံးခန်းမှာထိုင်ကာ ခေါင်းကိုက်နေတယ် ဘေးကလက်ထောက်ဆရာလဲ စိတ်ညစ်လို့
  ဒီနှစ်ကျောင်းကိုအကျယ်ချဲ့လိုက်တော့ အထူးတန်းဖြစ်တဲ့ အတန်း ခုနစ် ရဲ့ ဝင်ခွင့်အမှတ်က အလွန်နည်းတော့ တကယ့်အမိုက်စားတွေကိုမှ လက်ခံလိုက်မိတယ်
  အာဏာရှိတဲ့ ပိုက်ဆံရှိတဲ့ အသိုင်းဝိုင်းက သားသမီးတွေဆိုတော့ မိုးမကြောက်မြေမကြောက် ဘယ်သူမှမနိင်…
 
  “ဆရာစွန်း ဘယ်လိုလုပ်ကြမလဲ? ” လက်ထောက်ဆရာက စိတ်ညစ်ညစ် နဲ့မျက်နှာရူံ့မဲ့ကာ မေးလိုက်သည်။

  စွန်းကောမင် သက်ပြင်းတစ်ချက်ချလိုက်ပြီး “ကျောင်းမှာအတန်းပိုင်တာဝန်မယူထား တဲ့ ရှိသမျှဆရာအကုန်လုံးကို အစည်းဝေးလုပ်မယ်လို့ ခေါ်လိုက်”
   လက်ထောက်ဆရာက“ကြည့်ရတာ ဘယ်သူမှ အတန်းခုနစ်ကို ကိုင်တွယ်ချင်မှာ မဟုတ်ဘူူး ”
  “မကိုင်တွယ်ချင်လို့မရဘူး” စွန်းကောမင်ပြောတယ် “ကျောင်းကတာဝန်မယူရင် ဘယ်သူတာဝန်ယူမလဲ”
   သူခဏလောက်စဉ်းစားပြီး ထပ်ပြောလိုက်တယ် “သွား အလုပ်သင် တွေပါခေါ်ခဲ့”
 
   “အာ…..အဲဒါ” လက်ထောက်ဆရာ “အလုပ်သင် တွေက မကြာခင်ကမှ အလုပ်ဝင်တာ အသက်ငယ်တယ် အလုပ်အတွေ့အကြုံလဲနည်းတယ်”
   “အဲလောက်မတွေးနိုင်တော့ဘူး”စွန်းကောမင် လက်တစ်ဖက်ရမ်းကာ “သွားခေါ်ပါ”
   “ဟုတ်ကဲ့ အခုပဲသွားခေါ်လိုက်ပါမယ်”

   ခဏကြာတော့…
   အတန်းမရှိတဲ့ဆရာတွေ အားကုန်လုံး ရောက်လာကြတယ်၊ အလုပ်သင်တွေ အပါပေါ့။ခဏ နေတော့ စွန်းမင်ကော လဲ ရောက်လာတယ်။အစည်းဝေးခန်း ရုတ်တရက် တိတ်ဆိတ်သွား သည်။
   စွန်းကောမင် လဲ တိုက်ရိုက်ပဲပြောလိုက်သည် “အားလုံးကဲ အတန်းခုနစ် ရဲ့ အတန်းပိုင် နေမကောင်းလို့ ဆေးရုံတက်ရတယ်  အဲ့တော့ အတန်း၇ ကို ဆရာတစ်ယောက်အစား ထိုးရမယ်”   
   “အတန်းခုနစ် က ကိုင်တွယ်ရခက်တာ ငါသိတယ် အဲတာကြောင့် ဖိအားမပေးပဲ ကိုယ်တိုင် သဘောနဲ့ တာဝန်ယူမယ်သူ ရှိလား ?  အတန်း၇ အတန်းပိုင် လုပ်တာနဲ့ ငါ အထက်ကို ဂုဏ်ထူးဆောင်တင်ပေးမယ် လစာ ၂ဆ ၊ အလုပ်သင်ဆရာ  ဆိုရင် တရားဝင် ဆရာအဖြစ် သတ်မှတ်ခံရမယ်”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now