အခန်း(91) ‌ နွားမကလေးလေထဲမှာပျံနေတယ်

138 19 4
                                    

အခန်း(91) ‌ နွားမကလေးလေထဲမှာပျံနေတယ်

  ချန်ချူစပြီးဆူဆဲပါတော့သည်။သူပြောတာက ဆဲနေတာနဲ့မတူပေမယ့် တကယ် ဆိုရင်ဆဲတာထက်တောင်ခံရခက်သေးတယ်။
  စစ်ဆေးမှုကိုနားထောင်နေတဲ့သူတွေအားလုံးလဲ မျက်လုံးပြူးသွားသည်။

  လူချင်းဟိုင်လဲ ကြောင်သွားသည်။သူက နည်းလမ်းရှာပြီးတက်ဖက်သူ့ရဲ့ စိတ်ဓါတ် ကိုထိုးဖောက်ဖို့ပြောတာ ချန်ချူ တခါတည်းစပြီး ဆူတော့မယ်လို့ဘယ်ထင်မှာလဲ။
  တစ်ဖက်သူက နဂိုကတည်းက သတ်သေချင်စိတ်ရှိပါတယ်ဆိုနေမှ ဒီလိုချန်ချူ ဆူဆဲမှတော့ သေချာပေါက်ပြဿနာဖြစ်လာနိုင်တယ်။

  လူချင်းဟိုင် ဒါကိုတားဆီးမလို့ပြင်နေတဲ့အချိန်မှာ လီကျစ်အန်းရဲ့ အပြုအမှုတွေ ကနားမလည်နိုင်အောင်ဖြစ်လာသည်။
  သူကခေါင်းကိုငုံကာ စကားမပြောတော့ဘူး ၊ ချန်ချူဘယ်လိုပဲပြောပြော တုံပြန်ခြင်းမရှိဘူး။

  နောက်ဆုံး…..
  စစ်ဆေးမေးမြန်းတဲ့အခန်းမှာ လီကျစ်အန်းရဲ့ငိုသံထွက်ပေါ်လာသည်။

  “ကျွန်….ကျွန်တော်မှားပြီ, ကျွန်တော်အပြစ်ကိုဝန်ခံပါမယ်…….”
  “ကျွန်တော်ရဲ့ဘိုးဘေးတွေကိုတောင်မျက်နှာမပြရဲတော့ဘူး……..”

“ကျွန်တော်ဘာမဆိုပြောပြပါမယ့်, ကျွန်တော်အပြစ်တွေကိုဆေးကြောနိုင်ဖို့ပဲ မျော်လင့်တာပါ……”
“ဝူး ဝူး ဝူး (ငိုသံ)………..”

လီကျစ်အန်းခေါင်းမော့လာတော့ လူက အရမ်းကိုငိုကြွေးနေပြီ။
စစ်ဆေးခန်းအပြင်ဘက် “………..”

ချန်ချူလဲဒါကိုမြင်တော့အမြန်သိချင်တာတွေမေးမြန်းလိုက်သည်။လီကျစ်အန်းက ငိုသံကြီးတဲ့ ကိစ္စအားလုံးကိုပြောပြလိုက်သည်။
မေးတဲ့ကုန်သလောက်ရှိတော့မှ စစ်ဆေးခန်းတံခါးပွင့်လာသည်။

ယွဲ့ယင်း စစ်ဆေးတဲ့ထားအချက်အလက်ကိုယူလာပြီး လီကျစ်အန်းရှေ့မှာ ချကာ လက်ဗွေနိုပ် ၊ အပြစ်ဝန်ခံခိုင်းလိုက်တော့သည်။
လီကျစ်အန်းက တစ်ဖက်က မျက်ရည်ကိုသုတ်ရင်း တစ်ဖက်က လက်ဗွေနိုပ်လိုက် သည်။ နောက်ဆုံးခေါ်ထုတ်သွားတဲ့အချိန်မှာတောင်ငိုနေတုန်းပဲ။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now