အခန်း(77) ‌ မင်းဘာကြည့်တာလဲ?

134 17 1
                                    

အခန်း(77) ‌ မင်းဘာကြည့်တာလဲ?

ချန်ချူ ကြောက်စိတ်မရှိတာ တွေ့တော့ ကျောက်ရိကျိုးလဲ စိတ်ညစ်ညစ်နဲ့ ပြုံးမိ ကာ ချန်ချူကို ဆက်ပြီးနားချတယ် ၊ ကျန်းယွင်းလေနဲ့ တိုက်ရိုက်မရင်ဆိုင်ဖို့
တကယ်တော့ အရူံးပေးတာလဲ အရှက်မကွဲပါဘူး။

ဒါပေမယ့် အဓိကက အရှက်ကွဲမကွဲနဲ့မဆိုင်ဘူး။ချန်ချူလဲ မရှင်းပြတော့ဘူး။ ဒါကို မြင်တော့ ကျောက်ရိကျိုးလဲ သတိထားဖို့ပဲပြောပြီး ချန်ချူအဆောင်ကနေ ပြန်ထွက်သွား တော့သည်။
ချန်ချူ ပါးစပ်တစ်ချက်လှုပ်လိုက်သည်။သူလဲ ထိုင်ပြီးပြဿနာ ရှာခံမယ့်သူမျိုးတော့ မဟုတ်ဘူး။ကျန်းယွင်းလေ သူကို လုပ်ရင် သူလဲ ပြန်တိုက်မှာပဲ။

ဘာဖြစ်လို့ မင်းတို့လို လူမျိုးတွေရဲ့အနိုင်ကျင့်တာကို ခံရမှာလဲ ?
သူခေါင်းကို တစ်ယမ်းလိုက်ပြီး ချန်ချူ မဲနိူက်ဖို့ပြင်လိုက်သည်။ ဆယ်ခေါက် ဆက်တိုက် နိူက်ပြီးရင် နေ့ခင်းတစ်ချက်အိပ်မယ်လို့တွေးလိုက်သည်။

[လည်ပတ်နေသည် (မဲနိူက်နေသည်)..............ကျေးဇူးတင်ပါသည်]
.............

[လည်ပတ်နေသည် (မဲနိူက်နေသည်).............. အဆင့် SSS ရှိတဲ့ [ မြစ်ဝါမြစ်ခဲတံ ] ကို ရရှိလို့ ဂုဏ်ယူပါသည်]
အမ်......အမ်!?
ချန်ချူ မျက်လုံးပြူးသွားသည်။ အဆင့် SSS ရှိတဲ့ပစ္စည်း ?

ဘုရားရေ !
သူ ဒီတစ်ခေါက် ကျောက်ရိကျိုးကို မဆက်သဘူးလေ !

ချန်ချူ လဲ အမြန်ဆုံးစစ်ဆေးကြည့်လိုက်သည်။
[ မြစ်ဝါမြစ်ခဲတံ ] : သမိုင်းထဲက စာပေပညာရှင်သုံးတဲ့ ခဲတံ ၊ အသုံးဝင်ပုံ မသိ ၊ ကိုယ်ဘာသာကို ရှာဖွေရန်

ရှင်းပြချက်ကို ကြည့်ပြီး ချန်ချူ နားမလည်ဖြစ်သွားသည်။စစ်စတန်ထဲက ပစ္စည်းကို ထုတ်ပြီး ယူကာ သေချာကြည့်လိုက်သည်။
ဒါက......

နာမည်ကတော့ နားထောင်လို့ကောင်းပါတယ် ၊ဒါပေမယ့် ဘာလို့ ဒီအတိုင်း ခဲတံ တစ်ချောင်းပဲလေ။
စူပါမားကတ်တွေမှာ တရုတ်ငွေ တစ်ယွမ်ကို တစ်ချောင်းဝယ်လို့တဲ့ ခဲတံ နဲ့ အတူတူ ပဲ။

"စစ်စတန် , မြစ်ဝါမြစ်ခဲတံ ကို ဘယ်လိုသုံးတာလဲ ?

"host လက်ရှိအဆင့်မပြည့်မီသေးလို့ ကိုယ့်ဘာသာကို ရှာဖွေရန်"
ချန်ချူ ခေါင်းတစ်ချက်လှည့်ပတ်လိုက်ပြီး ဒါက ခဲတံတစ်ချောင်းဖြစ်တဲ့အတွက် စာရေးတာနဲ့ပဲ ဆိုင်တယ်ထင်တယ်။

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now