အခန်း(124) ကျေးဇူးပြု၍အကူအညီလေး

94 8 0
                                    

အခန်း(124)  ကျေးဇူးပြု၍အကူအညီလေး

နာမူနာခွဲစိတ်မှုလုပ်တာအချိန်အရမ်းမကြာပါဘူး၊ချန်ချူအစည်းဝေးခန်းမကို ပြန် ရောက်လာတော့ ကျယ်လောင်တဲ့လက်ခုပ်တီးသံတွေကိုကြားလိုက်ရပါတယ်။
တကယ်တော့ ချန်ချူက အချိန်ကိုက်တွက်ပြီး ကော်ပီအချိန်ပြည့်တာနဲ့ ကျောင်းမှာ အရေးကြီးကိစ္စလေးလုပ်စရာရှိသေးလို့ဆိုပြီး နူတ်ဆက်ကာပြန်သွားတော့သည်။

အဲတော့မှခန်းမထဲကဆရာဝန်တွေလဲ ထွက်သွားကြတော့တယ်။ချန်ချူဆေးရုံးအ၀ ရောက်တော့ လျိုရိစန်က လူတစ်ယောက်ရှာပြီး ချန်ချူကိုပြန်ပို့ပေးဖို့လုပ်နေတုန်း၊ အဖြူ ရောင် SUV ကားလေးက ဆေးရုံးတံခါးဝမှာရပ်လိုက်သည်။လီချင်းဖုန်းဆင်းလာကာ အမြန်ပြောလိုက်သည် “ဆေးရုံအုပ်ကြီး ၊ ကျွန်တော် ဆရာချန်ကို ပြန်လိုက်ပို့ပေးလိုက် မယ်လေ!”
အဲတော့အတော်ပဲဖြစ်သွားတာပါ့၊လျိုစန်လဲ လီချင်းဖုန်းကိုပဲ ချန်ချူကို လိုက်ပို့ဖို့ ပြောလိုက်သည်။ချန်ချူလဲ ငြင်းလို့မကောင်းတော့ ကားပေါ်တက်လိုက်သည်။

လမ်း၌
လီချင်းဖုန်းက အချိန်အတော်ကြာမှစကားစပြောသည် “ဆရာချန်….”
ချန်ချူကရယ်ပြီးလက်ခါကာပြောလိုက်သည် “မလုပ်နဲ့ မင်းနဲ့ငါကအသက်သိပ်မ ကွာဘူး၊ ဆရာချန်လို့မခေါ်ပါနဲ့ ၊ ချန်ချူလို့ပဲခေါ်ပါ”

“မဟုတ်ဘူး ၊ တကယ်တော့ သင့်ကို ဆရာလို့တောင်ခေါ်သင့်တာပါ”လီချင်းဖုန်းက အလေးအနက်ပြောလိုက်သည် “သင်ပြပေးသူကဆရာပဲ ၊ ကျွန်တော်က သင့်ကို ဆရာချန်လို့ခေါ်တာ ကျွန်တော်ကျေနပ်စွာခေါ်တာပါ၊ ဒါကအနည်းဆုံးရှိသင့်တဲ့ လေးစားမူပါပဲ၊ ဖြစ်သင့်ပါတယ်”

လီချင်းဖုန်းက နည်းနည်းအရာရာကို အလေးအနက်ထားတဲ့ပုံစံဖြစ်မယ်။ဒါနဲ့ ချန်ချူလဲ ငြင်းမနေတော့ပဲ လက်ခံလိုက်သည်။
“ဆရာချန် ကျွန်တော် ကျေးဇူးပြု၍အကူအညီလေး တစ်ခုလောက်တောင်းချင်လို့”

“ပြောပါဗျာ”
“သင် ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးနိုင်မလား?”

“အာ! ?” ချန်ချူခဏကြောင်သွားပြီးမှ အမြန်ခေါင်းခါလိုက်သည် “မလုပ်ပါနဲ့ ၊ ဆရာဝန်လီ မင်းနောက်တာများသွားပြီ ၊ မင်းကကျွမ်းကျင်ဆရာဝန်တစ်ယောက်လေ၊ ကျွန်တော့်က ဘာကောင်မှမဟုတ်ဘူးလေ၊ ဘယ်လိုလို့မင်းကို တပည့်အဖြစ်လက်ခံ နိုင်မှာလဲ?”
“ဆရာချန်, ကျွန်တော်နောက်နေတာမဟုတ်ဘူး!” လီချင်းဖုန်းက လေးနက်တဲ့ အမူအရာဖြင့်ပြောလိုက်သည်၊သူ့အသံမှာလေးစားမူများပါနေပြီး “ဆရာရဲ့ ခွဲစိပ်မူကို တွေ့ပြီးတဲ့နောက်မှာ ဆရာဟာ ကျွန်တော်ဘဝမှတ်တိုင်ရည်မှန်းချက်တစ်ခုဆိုတာ သိလိုက်ရတယ်၊ ဒီလိုတောင်းဆိုတာ လွန်မှန်းကျွန်တော်သိပါတယ်၊ ဆရာချန် ချက်ချင်း လက်ခံပေးဖို့မတောင်းဆိုပါဘူး၊ ဒီအတိုင်စဉ်းစားပေးဖို့ပါ ၊ ဆရာဘာများလိုအပ်လဲ တောင်းဆိုလို့ရပါတယ်”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now