အခန်း(22) ဒီလိုလာပြီးသီချင်းနားထောင်တာလား?

191 22 0
                                    

အခန်း(22) ဒီလိုလာပြီးသီချင်းနားထောင်တာလား?

ချန်ချူနဲ့လီရီးရန်တို့ စကားတပြောပြောနဲ့ ခံစားချက်တွေမွေးမြူချင်ပေမဲ့ လီရီးရန်က အရမ်းရှက်တက်တော့ သူမကို လန့်အောင်လုပ်မိမှာဆိုးလို့ အရက်တိုက်ပြီးပဲ ကိုယ့်နေရာ ကို ပြန်လာလိုက်သည်။
ဒီအချိန်မှာ ကျောက်ရိကျိုး မိုက်ကိုင်ပြီး 'အတန်းဖော်သူငယ်ချင်း' ဆိုတဲ့သီချင်းကို ဆိုနေပြီ။ဒါပေမဲ့ ဒီကောင်က သီချင်းဆိုတဲ့မျိုးစိတ်မပါတော့ လွတ်ပြီးအော်နေတာပဲ။

တခြားလူတွေလဲ သူဆိုတာနားထောင်မကောင်းပေမဲ့ မညိူငြင်ပဲ သီချင်းပြီးတော့ လက်ခုပ်တီးပြီးအာပေးကြသည်။ကျောက်ရိကျိုးလဲ ဟန်ဆောင်ပန်ဆောင်ဖြစ် ခါးတစ်ချက်ကိုင်းပြီး နူတ်ဆက်လိုက်သည်။ KTV ရဲ့ အမှတ်တာထွက်လာတော့ 22 မှတ်၊ အားလုံး ဟားဟားဟားဖြင့် ဝိုင်းရယ်ကြသည်။
ဒါကိုမြင်တော့ ချန်ချူလဲ စိတ်ထဲမှာ လှုပ်ရှားလာသည်။သူ လီရီးရန်ကို တစ်ချက်ခိုး ကြည့်လိုက်သည်။အင်း..ငါဒီအတိုင်းနေလို့မဖြစ်ဘူး။ နည်းနည်းတော့ အစွမ်းထုတ်ပြမှရ မယ်။

ငါကောင်ကြီး ကျောက်ရိကျိုးက ဘိတ်ချီးဆိုတော့ ဒီအချိန်မှာ ကောင်မလေးတွေရဲ့ မျော်လင့်ချက်က အရမ်းမမြင့်မားဘူး။နောက်တစ်ပုဒ်ကို ကြည့်လိုက်တော့ အဆိုတော် ကျောက်လေ ရဲ့ 'မြို့တော်' ဆိုတဲ့သီချင်း၊ချန်ချူ လောက်ကျောက်(ကျောက်ရိကျိုး)ဆီ ကနေ မိုက်ကိုယူလိုက်သည်။
တကယ်တော့ ဒီသီချင်းက ကောင်မလေးတစ်ယောက်ဆိုဖို့ ရွေးထားတဲ့သီချင်း ၊ ချန်ချူ မိုက်ယူလိုက်တာတွေ့တော့ ရယ်ပြီးပြောလိုက်သည်။ "ချန်ချူ..နင်..အရင်ဆို လိုက် !"
ချန်ချူပြုံးကာ ခေါင်းညိမ့်လိုက်သည်။
ကော်ပီ : ကျောက်လေ
သံစဉ်စတာနဲ့ ဖန်သားပြင်ပေါ်မှာစာတန်းထိုးလဲ စပြီးပေါ်ထွက်လာသည်။ချန်ချူ အသက်ပြင်းပြင်း တစ်ချက်ရူလိုက်ပြီး စတင်သီဆိုလိုက်တော့သည်။

"ငါ့ရဲ့မျက်ရည်တွေကို မနေ့ကသောက်တဲ့အရက်က မတားဆီးနိုင်ဘူး......."
"ငါ့ရဲ့ မခွဲခွာချင်မှုကို သင့်ရဲ့နွေးထွေးမှုက မတားဆီးနိုင်ဘူး....."
"ဒီလမ်းက ဘယ်လောက်သွားရဦးမှာလဲ...မင်းကငါ့လက်ကိုကိုင်ပြီး...."

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now