အခန်း(120) လူငယ်လေး လမ်းကျယ်ကျယ်မှာမလျောက်နဲ့

176 20 0
                                    

အခန်း(120) လူငယ်လေး လမ်းကျယ်ကျယ်မှာမလျောက်နဲ့

အဲဒီအချိန်မှာ အတန်းခုနစ်ကျောင်းသားတွေ အနောက်တံခါးကနေဖြေးဖြေးချင်း ထွက်လာသည်။
“လောက်ချန်!”

ကျိုးဖုန်းတို့က ချန်ချူကိုသတင်းကောင်းပြောမလို့ပဲ ၊ ဒါပေမယ့် ချန်ချူမျက်နှာ တည်တည်ကြီးဖြစ်နေကာ သရဲအိမ်ဝန်ထမ်းတွေရှေ့မှာတင် ပြောလိုက်သည် “အားလုံး ကောင်းကောင်းရပ်!”
အတန်းခုနစ်ကကျောင်းသားတွေအားထိန်လန့်သွားသည်။ချန်ချူရုတ်တရက် ဒေါသထွက်လာလိမ့်မယ်လို့ သူတို့မထင်ထားခဲ့ဘူး။ဒီအချိန်မှာတော့ ချန်ချူနဲ့ တိုက်ရိုက် မရင်ဆိုင်ရဲပဲ လိမ်လိမ်မာမာနဲ့ပဲ ရပ်နေကြာကာ အသံမထွက်ရဲဘူး။

အဲဒီမြင်ကွင်းကိုမြင်လိုက်တော့ ဝန်ထမ်းအားလုံး ကြောင်သွားသည်။တာဝန်ခံ လဲ ကြောင်သွားသည်။
ရွီထျန်းဟောက်လဲ မတ်တပ်ရပ်နေတဲ့ အဖွဲ့ထဲမှာပါတယ်လေ။ပြီးတော့ လိမ်လိမ် မာမာနဲ့ မတ်တပ်ရပ်နေတာကိုတွေ့လိုက်ရတယ်လေ။

အံသြစရာ!
ရွီအိမ်တော်က အလုပ်တွေလုပ်သူတွေအားလုံး ရွီသခင်လေးဘယ်လဲ စိတ်တိုလွယ် လဲဆိုတာသိတာပဲ ၊ ဘယ်သူ့ကိုမှမကြောက်တဲ့သူမျိုး၊ မိုးမကြောက်မြေမကြောက်
ဒါပေမယ့် ချန်ချူတစ်ခွန်းထဲနဲ့တင် လိမ်လိမ်မာမာတန်းစီ မတ်တက်ရပ်နေတာ..

“ဆရာကို စနောက်ရတာပျော်ဖို့ကောင်းလား?” ချန်ချူက အေးစက်စက်မေးလိုက် သည်။
ဘယ်သူမှအသံမထွက်ဘူး။

ချန်ချူစိတ်တိုတိုဖြင့်ပြောလိုက်သည် “သူများတွေကို အခုမြန်မြန်တောင်းပန်!”
အချို့ကျောင်းသားကစိတ်မပျော်တော့ဘူး၊ အသံတိုးတိုးဖြင့် “ငါတို့ခြောက်လန့်တာ မှမဟုတ်တာကို”

ချန်ချူမျက်လုံးပြူးပြီးပြောလိုက်သည် “မင်းတို့ပေါင်းပြီးဆရာကို မစနောက်ရင် ငါက သူများကိုလိုက်ခြောက်မလား? သွားတောင်းပန်!”
ကျိုးဖုန်းကတော့ အခြေအနေကြည့်တက်သူဖြစ်တော့ ချက်ချင်းပဲ သူများကို သွားတောင်းပန်လိုက်သည်။

ကောင်ဆိုးလေးရွီထျန်းဟောက်ကတော့ ဘယ်သဘောတူချင်မလဲ၊ သူက ဒီမှာ သူဋ္ဌေးတစ်ဝက်လို့ပြောလို့ရတဲ့အခြေအနေလေ၊ ဘယ်သူဋ္ဌေးက ဝန်ထမ်းကို တောင်းပန် တာကိုရှိလို့လဲ။
ရွီထျန်းဟောက်မလုပ်တာကိုတွေ့တော့ ချန်ချူစကားပြောဦးမလို့ပဲ ၊ ဒါပေမယ့် သူမပြောရသေးခင် ဘေးက သန့်စလ်ကျားက ကပြောလိုက်သည် “ရွီထျန်းဟောက်, သွား! တောင်းပန်လိုက်, ဘာလဲ ကတိမတည်ဘူးလား! ?”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝWhere stories live. Discover now